29. မောရှေသည်ပဋိညာဉ်ကျောက်ပြားနှစ်ချပ် ကိုယူဆောင်၍ တောင်ပေါ်မှဆင်းလာသောအခါ၊ သူသည်ထာဝရဘုရားနှင့်စကားပြောခဲ့ရ သဖြင့်သူ၏မျက်နှာတောက်ပလျက်ရှိ၏။ သို့ ရာတွင်သူကိုယ်တိုင်မသိ။-
30. အာရုန်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် မောရှေ၏မျက်နှာတောက်ပနေသည်ကို တွေ့မြင်ရသောအခါ၊ သူ၏အနားသို့မချဉ်း ကပ်ဝံ့ကြချေ။-
31. သို့သော်မောရှေကအာရုန်နှင့်ဣသရေလ အမျိုးသားခေါင်းဆောင်အပေါင်းတို့ကိုခေါ် သဖြင့်၊ သူတို့သည်မောရှေထံသို့ချဉ်းကပ် လာကြ၏။ မောရှေသည်လည်းသူတို့နှင့် စကားပြောလေ၏။-
32. ထိုနောက်ဣသရေလအမျိုးသားအပေါင်း တို့သည်မောရှေအနီးသို့ချဉ်းကပ်လာကြ ၏။ ထိုအခါမောရှေသည်သိနာတောင်ပေါ်၌ ထာဝရဘုရားမိန့်တော်မူသောပညတ် အားလုံးကိုသူတို့အားဆင့်ဆိုလေ၏။-