ထွက်​မြောက် 34:21-25 Common Language Bible (BCL)

21. ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။

22. ``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။

23. ``သင်​တို့​၏​အ​မျိုး​သား​အား​လုံး​တို့​သည်​တစ် နှစ်​လျှင်​သုံး​ကြိမ် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝရ​ဘု​ရား​ထံ​ချဉ်း ကပ်​၍​ဝတ်​ပြု​ရ​မည်။-

24. ငါ​သည်​အ​ခြား​လူ​မျိုး​များ​ကို​သင်​တို့​ချီ တက်​ရာ​လမ်း​ကြောင်း​မှ​နှင်​ထုတ်​၍ သင်​တို့​၏ နယ်​မြေ​ကို​တိုး​ချဲ့​ပြီး​သည့်​အ​ခါ​သင်​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ပွဲ​တော်​ကြီး​သုံး​ခု​ကျင်း​ပ​နေ​ချိန်​အ​တွင်း၊ မည်​သည့်​ရန်​သူ​မျှ​သင်​တို့​ကို​မ​တိုက်​ခိုက် စေ​ရ။

25. ``ငါ့​အား​ပူ​ဇော်​သည့်​အ​ခါ၊ ယဇ်​ကောင်​နှင့် အ​တူ ဆက်​သ​သော​မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ ပ​သ​ခါ​ပွဲ​တော်​အ​တွက်​သတ်​သော​တိ​ရစ္ဆာန် ၏​အ​သား​ကို​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း ကျန်​စေ​ရ။

ထွက်​မြောက် 34