ထွက်​မြောက် 34:19-23 Common Language Bible (BCL)

19. ``သင်​တို့​တွင်​သား​ဦး​ဟူ​သ​မျှ​နှင့်​သိုး​နွား​မှ စ​သော တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ပေါက်​ဟူ​သ​မျှ တို့​ကို​ငါ​ပိုင်​၏။-

20. သို့​ရာ​တွင်​မြည်း​သား​ဦး​ပေါက်​ကို​သိုး​တစ် ကောင်​နှင့်​အ​စား​ထိုး​၍​ရွေး​ယူ​ရ​မည်။ မ​ရွေး ယူ​လို​လျှင်​မြည်း​၏​လည်​ပင်း​ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ဟူ​သ​မျှ​တို့​ကို​ရွေး​ယူ ရ​မည်။``မည်​သူ​မျှ​ပူ​ဇော်​သကာ​မ​ပါ​ဘဲ​နှင့်​ငါ့​ထံ သို့​မ​ဝင်​ရ။

21. ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။

22. ``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။

23. ``သင်​တို့​၏​အ​မျိုး​သား​အား​လုံး​တို့​သည်​တစ် နှစ်​လျှင်​သုံး​ကြိမ် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝရ​ဘု​ရား​ထံ​ချဉ်း ကပ်​၍​ဝတ်​ပြု​ရ​မည်။-

ထွက်​မြောက် 34