18. ``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
19. ``သင်တို့တွင်သားဦးဟူသမျှနှင့်သိုးနွားမှ စသော တိရစ္ဆာန်တို့၏သားဦးပေါက်ဟူသမျှ တို့ကိုငါပိုင်၏။-
20. သို့ရာတွင်မြည်းသားဦးပေါက်ကိုသိုးတစ် ကောင်နှင့်အစားထိုး၍ရွေးယူရမည်။ မရွေး ယူလိုလျှင်မြည်း၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားဦးဟူသမျှတို့ကိုရွေးယူ ရမည်။``မည်သူမျှပူဇော်သကာမပါဘဲနှင့်ငါ့ထံ သို့မဝင်ရ။
21. ``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
22. ``ဂျုံစပါးစတင်ရိတ်ချိန်၌ကောက်သိမ်းပွဲတော် ကိုလည်းကောင်း၊ သစ်သီးများကိုစုသိမ်းချိန်ဖြစ် သောဆောင်းဦးပေါက်ရာသီ၌ သစ်သီးသိမ်းပွဲ တော်ကိုလည်းကောင်း၊ ကျင်းပရမည်။
23. ``သင်တို့၏အမျိုးသားအားလုံးတို့သည်တစ် နှစ်လျှင်သုံးကြိမ် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၊ ငါထာဝရဘုရားထံချဉ်း ကပ်၍ဝတ်ပြုရမည်။-
24. ငါသည်အခြားလူမျိုးများကိုသင်တို့ချီ တက်ရာလမ်းကြောင်းမှနှင်ထုတ်၍ သင်တို့၏ နယ်မြေကိုတိုးချဲ့ပြီးသည့်အခါသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ပွဲတော်ကြီးသုံးခုကျင်းပနေချိန်အတွင်း၊ မည်သည့်ရန်သူမျှသင်တို့ကိုမတိုက်ခိုက် စေရ။
25. ``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
26. ``နှစ်စဉ်သင်တို့၏လယ်မြေမှအဦးသီး သောအသီးအနှံကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအိမ်တော်သို့ယူ ဆောင်ဆက်သရကြမည်။``သိုးငယ်၊ ဆိတ်ငယ်၏အသားကို အမိနို့ရည် ၌မချက်ပြုတ်ရ'' ဟုမိန့်တော်မူ၏။
27. ထာဝရဘုရားကမောရှေအား``ဤပညတ် များကိုရေးထားလော့။ ငါသည်သင်နှင့်လည်း ကောင်း၊ ဣသရေလအမျိုးသားတို့နှင့်လည်း ကောင်း ဤပညတ်များအတိုင်းပဋိညာဉ် ပြုပြီ'' ဟုမိန့်တော်မူ၏။-