12. သင်တို့ဝင်ရောက်တိုက်ခိုက်မည့်ပြည်သားတို့ နှင့်မဟာမိတ်မဖွဲ့ရန်သတိပြုလော့။ ထို သို့ပြုလုပ်လျှင် သင်တို့သည်သူတို့၏ ထောင်ချောက်တွင်းသို့ကျလိမ့်မည်။-
13. သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
14. ``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
15. သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-