10. ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
11. ယနေ့သင့်အားငါပေးမည့်ပညတ်များကို စောင့်ထိန်းလော့။ ငါသည်သင်တို့ချီတက်ရာ လမ်းကြောင်းမှအာမောရိအမျိုးသား၊ ခါ နာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုနှင်ထုတ်မည်။-
12. သင်တို့ဝင်ရောက်တိုက်ခိုက်မည့်ပြည်သားတို့ နှင့်မဟာမိတ်မဖွဲ့ရန်သတိပြုလော့။ ထို သို့ပြုလုပ်လျှင် သင်တို့သည်သူတို့၏ ထောင်ချောက်တွင်းသို့ကျလိမ့်မည်။-
13. သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
14. ``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
15. သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-
16. သင်တို့၏သားများသည်ထိုပြည်ရှိအမျိုး သမီးများကိုထိမ်းမြားမိသဖြင့်၊ ထိုအမျိုး သမီးတို့သည်ငါ့ကိုစွန့်၍ သူတို့၏ဘုရား များကိုကိုးကွယ်ရန်၊ သင်တို့၏သားများ ကိုဖြားယောင်းကြလိမ့်မည်။
17. ``သတ္တုဖြင့်သွန်းသောဘုရားများပြုလုပ်၍ရှိ မခိုးရ။
18. ``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
19. ``သင်တို့တွင်သားဦးဟူသမျှနှင့်သိုးနွားမှ စသော တိရစ္ဆာန်တို့၏သားဦးပေါက်ဟူသမျှ တို့ကိုငါပိုင်၏။-
20. သို့ရာတွင်မြည်းသားဦးပေါက်ကိုသိုးတစ် ကောင်နှင့်အစားထိုး၍ရွေးယူရမည်။ မရွေး ယူလိုလျှင်မြည်း၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားဦးဟူသမျှတို့ကိုရွေးယူ ရမည်။``မည်သူမျှပူဇော်သကာမပါဘဲနှင့်ငါ့ထံ သို့မဝင်ရ။
21. ``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
22. ``ဂျုံစပါးစတင်ရိတ်ချိန်၌ကောက်သိမ်းပွဲတော် ကိုလည်းကောင်း၊ သစ်သီးများကိုစုသိမ်းချိန်ဖြစ် သောဆောင်းဦးပေါက်ရာသီ၌ သစ်သီးသိမ်းပွဲ တော်ကိုလည်းကောင်း၊ ကျင်းပရမည်။