1. ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
2. နက်ဖြန်နံနက်တွင်ငါနှင့်တွေ့ဆုံရန် သိနာတောင်ထိပ်ပေါ်သို့တက်လာလော့။-
3. သင်နှင့်အတူမည်သူမျှတောင်ပေါ်သို့ မတက်ရ။ တစ်တောင်လုံးတွင်လူမရှိစေ ရ။ တောင်ခြေ၌သိုးနွားများကိုမ ကျောင်းရ'' ဟုမိန့်တော်မူ၏။-
4. ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။
5. ထာဝရဘုရားသည်မိုးတိမ်တိုက်ဖြင့်ကြွ ဆင်းလာ၍၊ မောရှေအနီးတွင်ရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်မြွက်ကြားတော်မူ၏။-
6. ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-