9. မောရှေတဲတော်ထဲသို့ဝင်သောအခါ၊ မိုး တိမ်တိုက်သည်ဆင်းသက်လာ၍၊ တဲဝတွင် ရပ်တန့်လျက်နေ၏။ ထာဝရဘုရားသည် တိမ်တိုက်ထဲမှမောရှေအားမိန့်ကြား တော်မူ၏။-
10. လူအပေါင်းတို့သည်၊ တဲတော်ဝ၌တိမ် တိုက်ကိုမြင်ရလျှင်၊ ဦးညွှတ်ရှိခိုးကြ၏။-
11. မိတ်ဆွေချင်းစကားပြောသကဲ့သို့ထာဝရ ဘုရားသည် မောရှေနှင့်မျက်နှာချင်းဆိုင်စကား ပြောတော်မူ၏။ ထိုနောက်မောရှေသည်စခန်း သို့ပြန်လာ၏။ သို့သော်သူ၏လက်ထောက်ဖြစ် သူ၊ နုန်၏သား၊ လူငယ်ယောရှုသည်၊ တဲတော် တွင်း၌နေရစ်လေ၏။
12. မောရှေကထာဝရဘုရားအားလျှောက်ထား သည်မှာ``ကိုယ်တော်သည်အကျွန်ုပ်ကို၊ ဤသူ တို့အား ထိုသို့ပို့ဆောင်ရန်မိန့်တော်မူပြီ။ သို့ရာတွင်အကျွန်ုပ်နှင့်အတူမည်သူ့ကို စေလွှတ်မည်ဟူ၍မမိန့်ကြားခဲ့ပါ။ ကိုယ်တော် က`သင့်ကိုရင်းနှီးစွာငါသိ၏။ သင့်အား နှစ်သက်၏' ဟုမိန့်တော်မူပါသည်။-
13. ကိုယ်တော်သည်အကျွန်ုပ်အားနှစ်သက်တော် မူပါလျှင်၊ အကျွန်ုပ်သည်ကိုယ်တော်၏အမှု တော်ကိုထမ်းဆောင်၍၊ စိတ်တော်နှင့်တွေ့နိုင်စေ ရန်၊ ကိုယ်တော်၏အကြံအစည်တော်များကို ဖော်ပြတော်မူပါ။ ဤလူမျိုးသည်ကိုယ်တော် ရွေးချယ်ထားသောလူမျိုးတော်ဖြစ်ကြောင်း ကိုလည်းသတိရတော်မူပါ။''
14. ထိုအခါထာဝရဘုရားက``ငါသည်သင် နှင့်အတူကြွသွား၍၊ သင့်အားအောင်မြင် ခွင့်ပေးမည်'' ဟုမိန့်တော်မူ၏။
15. မောရှေက``ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူ ကြွသွားတော်မမူလျှင်၊ အကျွန်ုပ်တို့အား ဤအရပ်မှမထွက်ခွာစေတော်မူပါနှင့်။-
16. ကိုယ်တော်သည်အကျွန်ုပ်တို့နှင့်အတူကြွ သွားတော်မမူပါလျှင်၊ ကိုယ်တော်သည်ကိုယ် တော်၏လူမျိုးတော်နှင့်အကျွန်ုပ်အားနှစ် သက်ကြောင်းမည်သို့သိနိုင်ပါမည်နည်း။ ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူရှိခြင်း ဖြင့်၊ အကျွန်ုပ်တို့သည်ကမ္ဘာပေါ်ရှိလူမျိုး တကာတို့နှင့်ခြားနားကြောင်းကိုသိရ ပါမည်'' ဟုလျှောက်လေ၏။
17. ထာဝရဘုရားကမောရှေအား``ငါသည် သင့်ကိုရင်းနှီးစွာသိ၍နှစ်သက်သဖြင့်၊ သင်တောင်းလျှောက်သည့်အတိုင်းငါပြု မည်'' ဟုမိန့်တော်မူ၏။
18. ထိုနောက်မောရှေက``ကိုယ်တော်၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ခွင့်ပေး တော်မူပါ'' ဟုတောင်းပန်လျှောက်ထား၏။
19. ထာဝရဘုရားက``ငါ၏ဂုဏ်အသရေ တော်ရှိသမျှကိုသင့်အားပြသ၍၊ ငါ၏ နာမတော်ကိုလည်းသင့်အားကြေညာ မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ငါ သနားကြင်နာလိုသူအားသနားကြင် နာမည်။ ငါကျေးဇူးပြုလိုသူအား ကျေးဇူးပြုမည်။