3. သို့ဖြစ်၍လူအပေါင်းတို့သည်မိမိတို့ ၏ရွှေနားတောင်းများကိုချွတ်၍ အာရုန် ထံသို့ယူဆောင်ခဲ့ကြ၏။-
4. အာရုန်သည်နားတောင်းများကိုအရည် ကျိုပြီးလျှင်၊ ရွှေဖြင့်နွားငယ်ပုံသွန်းလုပ် လေ၏။ထိုနောက်လူအပေါင်းတို့က``ဣသရေလ အမျိုးသားတို့၊ ဤဘုရားသည်သင်တို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောငါတို့ ၏ဘုရားဖြစ်သည်'' ဟုဆိုလေ၏။
5. ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။-
6. နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
7. ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
8. သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
9. ထာဝရဘုရားက ``ဤသူတို့အလွန် ခေါင်းမာကြောင်းငါသိ၏။-
10. ငါ့ကိုမဆီးတားနှင့်။ ငါသည်အမျက်ထွက်၍ သူတို့ကိုသုတ်သင်ပစ်မည်။ ထိုနောက်သင်နှင့် သင်၏အဆက်အနွယ်တို့ကိုလူမျိုးကြီး ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
11. သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-
12. အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-