ထွက်​မြောက် 32:17-27 Common Language Bible (BCL)

17. ယော​ရှု​သည်​လူ​များ​၏​ကြွေး​ကြော်​သံ​ကို ကြား​ရ​သော​အ​ခါ၊ မော​ရှေ​အား``စ​ခန်း​ထဲ ၌​တပ်​လှန့်​သံ​ကို​ကြား​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။-

18. မော​ရှေ​က``ငါ​ကြား​ရ​သော​အ​သံ​သည်၊ စစ် အောင်​သံ​လည်း​မ​ဟုတ်၊ စစ်​ရှုံး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​သံ​ပင်​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။

19. မော​ရှေ​သည်​စ​ခန်း​အ​နီး​သို့​ရောက်​ရှိ​သော အ​ခါ၊ နွား​ငယ်​ရုပ်​ကို​လည်း​ကောင်း၊ လူ​များ က​ခုန်​နေ​သည်​ကို​လည်း​ကောင်း၊ တွေ့​မြင်​ရ လျှင်၊ အ​လွန်​အ​မျက်​ထွက်​သ​ဖြင့်၊ သူ​ယူ ဆောင်​ခဲ့​သော​ကျောက်​ပြား​များ​ကို​တောင် ခြေ​ရင်း​၌​ပစ်​ချ​လိုက်​ရာ​အ​ပိုင်း​ပိုင်း​ကျိုး ကုန်​၏။-

20. သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။-

21. မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။

22. အာ​ရုန်​က``အ​ကျွန်ုပ်​ကို​အ​မျက်​မ​ထွက်​ပါ နှင့်။ ဤ​သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​ရန် မည် မျှ​လောက်​စိတ်​ဆန္ဒ​ကြီး​ကြောင်း​ကိုယ်​တော် သိ​ပါ​၏။-

23. သူ​တို့​က​အ​ကျွန်ုပ်​အား`အီ​ဂျစ်​ပြည်​မှ​အ​ကျွန်ုပ် တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​မော​ရှေ​သေ​သည်၊ ရှင် သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်၊ အ​ကျွန်ုပ် တို့​ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့' ဟု​တောင်း​ဆို​ကြ​ပါ​သည်။-

24. အ​ကျွန်ုပ်​က​သူ​တို့​အား`သင်​တို့​၏​ရွှေ​ဝတ် တန်​ဆာ​ကို​ချွတ်​၍​ငါ့​အား​ပေး​လော့' ဟု ပြော​ပါ​သည်။ အ​ကျွန်ုပ်​သည်​သူ​တို့​ထံ​မှ ရ​ရှိ​သော​ရွှေ​အား​မီး​ထဲ​သို့​ပစ်​ချ​ရာ၊ ဤ နွား​ရုပ်​ထွက်​လာ​ပါ​သည်'' ဟု​ဆို​လေ​၏။

25. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပတ်​ဝန်း ကျင်​၌​ရန်​သူ​များ​ကဲ့​ရဲ့​စ​ရာ​ဖြစ်​လျက်၊ အာ​ရုန်​၏​အား​ပေး​မှု​ဖြင့်​စည်း​ကမ်း​မဲ့ က​ခုန်​မြူး​ထူး​နေ​သည်​ကို၊ မော​ရှေ​မြင်​ရ​၏။-

26. ထို့​ကြောင့်​သူ​သည်​စ​ခန်း​ပေါက်​ဝ​တွင်​ရပ် လျက်``ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​တော်​သား​ဖြစ် သူ​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့'' ဟု​အော်​ဟစ် ဖိတ်​ခေါ်​လေ​၏။ ထို​အ​ခါ​လေ​ဝိ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မော​ရှေ​ထံ​သို့​စု​ရုံး​လာ ကြ​သော​အ​ခါ၊-

27. မော​ရှေ​က​သူ​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ တစ်​ယောက်​စီ​ဋ္ဌား​ကို​ကိုင်​စွဲ​၍၊ စ​ခန်း​တစ်​ဘက် မှ​တစ်​ဘက်​သို့​နေ​ရာ​အ​နှံ့​အ​ပြား​သွား​ပြီး လျှင်၊ သင်​တို့​၏​ညီ​အစ်​ကို၊ အ​ဆွေ​ခင်​ပွန်း၊ အိမ်​နီး ချင်း​တို့​ကို​သတ်​လော့' ဟု​မိန့်​တော်​မူ​သည်'' ဟု ဆင့်​ဆို​လေ​၏။-

ထွက်​မြောက် 32