1. မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
2. အာရုန်က``သင်တို့၏မယားနှင့်သားသမီး တို့ ဝတ်ဆင်ထားသောရွှေနားတောင်းများကို ချွတ်၍ ငါ့ထံသို့ယူခဲ့ကြလော့'' ဟုဆို လေ၏။-
3. သို့ဖြစ်၍လူအပေါင်းတို့သည်မိမိတို့ ၏ရွှေနားတောင်းများကိုချွတ်၍ အာရုန် ထံသို့ယူဆောင်ခဲ့ကြ၏။-
4. အာရုန်သည်နားတောင်းများကိုအရည် ကျိုပြီးလျှင်၊ ရွှေဖြင့်နွားငယ်ပုံသွန်းလုပ် လေ၏။ထိုနောက်လူအပေါင်းတို့က``ဣသရေလ အမျိုးသားတို့၊ ဤဘုရားသည်သင်တို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောငါတို့ ၏ဘုရားဖြစ်သည်'' ဟုဆိုလေ၏။
5. ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။-
6. နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။