ထွက်​မြောက် 31:7-15 Common Language Bible (BCL)

7. သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့်​အ​ဖုံး၊ တဲ​တော်​ထဲ​ရှိ​အ​သုံး​အ​ဆောင် တန်​ဆာ​အား​လုံး၊-

8. စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​များ၊ ရွှေ​မီး​တိုင် နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ပလ္လင်၊-

9. မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​သက်​ဆိုင် ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ​ခံ၊-

10. အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​ဆောင်​ရွက်​ရာ​၌ ဝတ်​ဆင်​ရန်၊ ထည် ဝါ​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊-

11. ဘိ​သိက်​ဆီ​နှင့်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက် မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​တို့​ကို​ပြု​လုပ်​နိုင် ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​မိန့်​မှာ​သည့် အ​တိုင်း​သူ​တို့​သည် ဤ​အ​ရာ​များ​ကို​ပြု လုပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

14. ဥပုသ်​နေ့​သည်​နား​ရက်၊ နေ့​ထူး​နေ့​မြတ်​ဖြစ် သော​ကြောင့် ထို​နေ့​ကို​စောင့်​ထိန်း​ရ​မည်။ ဥ​ပုသ် နေ့​တွင်​အ​လုပ်​လုပ်​လျက်​ထို​နေ့​ကို​မ​စောင့် ထိန်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

15. သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ် ခွင့်​ရှိ​သည်။ သို့​ရာ​တွင်​သတ္တမ​နေ့​သည်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သော​နား​ရက် ဖြစ်​သည်။ ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​ကို သေ​ဒဏ်​စီ​ရင်​ရ​မည်။-

ထွက်​မြောက် 31