17. ထာဝရဘုရားသည်မောရှေအား၊-
18. ``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။-
19. အာရုန်နှင့်သူ၏သားများသည်မိမိတို့၏ ခြေလက်များကို၊ ထိုအင်တုံရှိရေဖြင့်ဆေး ကြောရမည်။-
20. သူတို့သည်ငါစံရာတဲတော်ထဲသို့မဝင်မီ ဖြစ်စေ၊ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သကာကို ထာဝရဘုရားထံမပူဇော်မီဖြစ်စေ၊ ထို သို့ခြေလက်ကိုဆေးကြောခြင်းအားဖြင့်၊ အသက်ချမ်းသာရာရမည်။-
21. သူတို့နှင့်သူတို့၏အမျိုးအစဉ်အဆက် တို့သည်၊ ထိုပညတ်ကိုအမြဲလိုက်နာရ ကြမည်'' ဟုမိန့်တော်မူ၏။
22. ထာဝရဘုရားကမောရှေအား၊-
23. ``မုရန်ဆီတစ်ဆယ့်နှစ်ပေါင်၊ မွှေးကြိုင်သောသစ် ကြမ်းပိုးခြောက်ပေါင်၊ စပါးလင်ခြောက်ပေါင်၊-
24. ကရမက်တစ်ဆယ့်နှစ်ပေါင်စသည့်အကောင်းဆုံး အမွှေးအကြိုင်တို့ကို (သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်ရန်) သံလွင်ဆီတစ်ဂါလံနှင့် ရော၍၊-
25. ဆီမွှေးကဲ့သို့ဘိသိက်ဆီကိုဖော်စပ်လော့။
26. ဤဘိသိက်ဆီကိုအသုံးပြု၍၊ ငါစံရာတဲ တော်နှင့်ပဋိညာဉ်သေတ္တာတော်ကိုလည်းကောင်း၊-
27. စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းရှိသမျှတို့ကို လည်းကောင်း၊ ဆီမီးတိုင်နှင့်သက်ဆိုင်ရာပစ္စည်း တို့ကိုလည်းကောင်း၊ နံ့သာပေါင်းမီးရှို့ရာ ပလ္လင်ကိုလည်းကောင်း၊-