1. ``နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
2. ထိုပလ္လင်သည်စတုရန်းဖြစ်၍၊ အလျားတစ်ဆယ့် ရှစ်လက်မ၊ အနံတစ်ဆယ့်ရှစ်လက်မနှင့်အမြင့် သုံးဆယ့်ခြောက်လက်မရှိစေရမည်။ ဦးချို သဏ္ဌာန်ထောင့်ချွန်းအတက်များသည်ပလ္လင် နှင့်တစ်သားတည်းဖြစ်ရမည်။-
3. ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်၊ ထောင့်ချွန် အတက်များကိုရွှေချရမည်။ ပလ္လင်အပေါ်နား ပတ်လည်တွင်ရွှေကွပ်ရမည်။-
4. ပလ္လင်တော်၏ဘေးနှစ်ဘက်အနားအောက်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်ကွင်းတပ် ဆင်ရမည်။-
5. ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထားရမည်။-
6. ပဋိညာဉ်သေတ္တာရှေ့တွင်ရှိသည့်ကန့်လန့်ကာ အပြင်ဘက်၌၊ ထိုပလ္လင်ကိုထားရမည်။ ထို နေရာ၌ငါသည်သင်နှင့်တွေ့ဆုံမည်။-
7. အာရုန်သည်နံနက်တိုင်းမီးခွက်များကိုပြင် သောအခါ၊ ပလ္လင်ပေါ်တွင်နံ့သာပေါင်းကို မီးရှို့ပူဇော်ရမည်။-
8. ညဦးယံတွင်သူသည်မီးခွက်များကိုထွန်း သောအခါ၌လည်း နံ့သာပေါင်းကိုမီးရှို့ ပူဇော်ရမည်။ သင်၏အမျိုးအစဉ်အဆက် တို့သည်နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှု ကိုထာဝရဘုရား၏ရှေ့တော်တွင်မပြတ် မလပ်ပြုလုပ်ရမည်။-
9. ထိုပလ္လင်ပေါ်တွင်ကား၊ တားမြစ်ထားသော နံ့သာကိုမပူဇော်ရ။ ယဇ်ကောင်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မပူဇော်ရ။ စပျစ်ရည်ပူဇော်သကာကို လည်း၊ မသွန်းလောင်းရ။-