12. ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
13. ထိုအခါမောရှေက``အကျွန်ုပ်သည်ဣသ ရေလအမျိုးသားတို့ထံသို့သွား၍၊ သူတို့ အား`သင်တို့ဘိုးဘေးတို့၏ဘုရားသခင် သည် ငါ့အားသင်တို့ထံသို့စေလွှတ်လိုက်သည်' ဟုပြောလျှင်သူတို့က`ထိုဘုရား၏နာမ တော်ကားမည်သို့ခေါ်ပါသနည်း' ဟုမေး သည်ရှိသော်အကျွန်ုပ်ကမည်သို့ဖြေကြား ရပါမည်နည်း'' ဟုမေးလျှောက်လေ၏။
14. ဘုရားသခင်က``ငါ၏နာမသည်ငါဖြစ် သည့်အတိုင်း ငါဖြစ်၏ ဟူ၍ဖြစ်သည်။ `ငါဖြစ်သည်ဟုနာမည်ရှိ သောအရှင်သည် သင်တို့ထံသို့ငါ့အားစေလွှတ် တော်မူသည်' ဟုဣသရေလအမျိုးသားတို့ ကိုပြောရမည်'' ဟုမိန့်တော်မူ၏။-