ထွက်​မြောက် 29:33-36 Common Language Bible (BCL)

33. သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ​ရာ​၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သော​အ​စား အ​စာ​များ​ကို​စား​ရ​မည်။ ထို​အ​စား​အ​စာ တို့​သည်​သန့်​ရှင်း​သော​ကြောင့်​ယဇ်​ပု​ရော​ဟိတ် များ​က​သာ​စား​ရ​ကြ​မည်။-

34. ထို​အ​သား​နှင့်​မုန့်​တို့​သည်​နံ​နက်​သို့​တိုင်​အောင် ကျန်​ကြွင်း​နေ​သေး​လျှင်​မီး​ရှို့​ပစ်​ရ​မည်။ ထို အ​စား​အ​စာ​တို့​သည်​သန့်​ရှင်း​သော​ကြောင့် မည်​သူ​မျှ​မ​စား​ရ။

35. ``ငါ​မိန့်​မှာ​သည့်​အ​တိုင်း​အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ စေ​သည့်​မင်္ဂ​လာ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ကျင်း​ပ ရ​မည်။-

36. အ​ပြစ်​ပြေ​စေ​ရန်​နွား​ထီး​တစ်​ကောင်​ကို​နေ့ တိုင်း​ယဇ်​ပူ​ဇော်​ရ​မည်။ ဤ​သို့​အား​ဖြင့်​ယဇ် ပလ္လင်​ကို​သန့်​ရှင်း​စေ​မည်။ ထို​နောက်​ယဇ်​ပလ္လင် ကို​သံ​လွင်​ဆီ​လောင်း​၍​ဆက်​ကပ်​ရ​မည်။-

ထွက်​မြောက် 29