ထွက်​မြောက် 29:32-45 Common Language Bible (BCL)

32. ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​တွင်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်၊ ထို​အ​သား​နှင့်​တောင်း​ထဲ​တွင် ကျန်​သော​မုန့်​ကို​စား​ရ​ကြ​မည်။-

33. သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ​ရာ​၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သော​အ​စား အ​စာ​များ​ကို​စား​ရ​မည်။ ထို​အ​စား​အ​စာ တို့​သည်​သန့်​ရှင်း​သော​ကြောင့်​ယဇ်​ပု​ရော​ဟိတ် များ​က​သာ​စား​ရ​ကြ​မည်။-

34. ထို​အ​သား​နှင့်​မုန့်​တို့​သည်​နံ​နက်​သို့​တိုင်​အောင် ကျန်​ကြွင်း​နေ​သေး​လျှင်​မီး​ရှို့​ပစ်​ရ​မည်။ ထို အ​စား​အ​စာ​တို့​သည်​သန့်​ရှင်း​သော​ကြောင့် မည်​သူ​မျှ​မ​စား​ရ။

35. ``ငါ​မိန့်​မှာ​သည့်​အ​တိုင်း​အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ စေ​သည့်​မင်္ဂ​လာ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ကျင်း​ပ ရ​မည်။-

36. အ​ပြစ်​ပြေ​စေ​ရန်​နွား​ထီး​တစ်​ကောင်​ကို​နေ့ တိုင်း​ယဇ်​ပူ​ဇော်​ရ​မည်။ ဤ​သို့​အား​ဖြင့်​ယဇ် ပလ္လင်​ကို​သန့်​ရှင်း​စေ​မည်။ ထို​နောက်​ယဇ်​ပလ္လင် ကို​သံ​လွင်​ဆီ​လောင်း​၍​ဆက်​ကပ်​ရ​မည်။-

37. ခု​နစ်​ရက်​တိုင်​အောင်​နေ့​စဉ်​ဤ​သို့​ပြု​လုပ်​ရ မည်။ ထို​အ​ခါ​ယဇ်​ပလ္လင်​သည်​အ​လွန်​သန့်​ရှင်း သ​ဖြင့်၊ ပလ္လင်​နှင့်​ထိ​မိ​သော​အ​ရာ​နှင့်​လူ​မှန် သ​မျှ​တို့​သည်​ဘေး​သင့်​လိမ့်​မည်။

38. ``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-

39. နံ​နက်​တွင်​တစ်​ကောင်၊ ည​နေ​တွင်​တစ်​ကောင် ပူ​ဇော်​ရ​မည်။-

40. ပ​ထ​မ​သိုး​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ်​ပေါင်​နှင့် သံ​လွင်​ဆီ​တစ်​ကွတ်​ရော​သော​ပူ​ဇော်​သ​ကာ ကို​လည်း​ပူ​ဇော်​ရ​မည်။ စ​ပျစ်​ရည်​တစ်​ကွတ် ကို​လည်း​ပူ​ဇော်​သ​ကာ​အ​ဖြစ်​လောင်း​ချ ရ​မည်။-

41. ည​နေ​တွင်​ဒု​တိ​ယ​သိုး​ကို​ပူ​ဇော်​လော့။ နံ နက်​တွင်​ပူ​ဇော်​သော​မုန့်​ညက်၊ သံ​လွင်​ဆီ၊ စ​ပျစ် ရည်​အ​ခြင်​အ​တွယ်​အ​တိုင်း၊ ည​နေ​၌​လည်း ပူ​ဇော်​လော့။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​မွှေး​ကြိုင်​သည့်​ပူ​ဇော် သ​ကာ​ဖြစ်​၏။-

42. ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​၌​ဤ​မီး​ရှို့​ရာ ယဇ်​ကို၊ ငါ​၏​ရှေ့​တော်​တွင်​သား​စဉ်​မြေး​ဆက် ပူ​ဇော်​ရ​မည်။ ထို​နေ​ရာ​တွင်​ငါ​သည်​ငါ​၏ လူ​မျိုး​တော်​နှင့်​တွေ့​ဆုံ​စ​ကား​ပြော​မည်။-

43. ထို​နေ​ရာ​တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​တွေ့​ဆုံ​၍၊ ငါ​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​ဖြင့် ထို​အ​ရပ်​ကို​သန့်​ရှင်း ရာ​အ​ရပ်​ဖြစ်​စေ​မည်။-

44. ငါ​သည်​ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​တို့​ကို သန့်​ရှင်း​စေ​၍၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် ငါ ၏​အ​မှု​တော်​ကို​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏ သား​တို့​ကို​သီး​သန့်​ရွေး​ချယ်​ခန့်​ထား​မည်။-

45. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​၍၊ သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​မည်။-

ထွက်​မြောက် 29