28. ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
29. ``အာရုန်အနိစ္စရောက်သောအခါ၊ သူ၏သား တို့သည် ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ဝတ်ဆင်နိုင်စေရန်၊ သူ၏ယဇ်ပုရောဟိတ် ဝတ်စုံကိုဆက်ခံစေရမည်။-
30. ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
31. ``အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ ပူဇော်သောသိုး၏အသား ကို၊ သီးသန့်ရာဌာနတွင်ပြုတ်ရမည်။-
32. ငါစံရာတဲတော်တံခါးဝတွင်အာရုန်နှင့်သူ ၏သားတို့သည်၊ ထိုအသားနှင့်တောင်းထဲတွင် ကျန်သောမုန့်ကိုစားရကြမည်။-
33. သူတို့သည်ယဇ်ပုရောဟိတ်အရာခံယူရာ၌ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်သောအစား အစာများကိုစားရမည်။ ထိုအစားအစာ တို့သည်သန့်ရှင်းသောကြောင့်ယဇ်ပုရောဟိတ် များကသာစားရကြမည်။-
34. ထိုအသားနှင့်မုန့်တို့သည်နံနက်သို့တိုင်အောင် ကျန်ကြွင်းနေသေးလျှင်မီးရှို့ပစ်ရမည်။ ထို အစားအစာတို့သည်သန့်ရှင်းသောကြောင့် မည်သူမျှမစားရ။
35. ``ငါမိန့်မှာသည့်အတိုင်းအာရုန်နှင့်သူ၏ သားတို့အား ယဇ်ပုရောဟိတ်အရာခံယူ စေသည့်မင်္ဂလာကိုခုနစ်ရက်ပတ်လုံးကျင်းပ ရမည်။-
36. အပြစ်ပြေစေရန်နွားထီးတစ်ကောင်ကိုနေ့ တိုင်းယဇ်ပူဇော်ရမည်။ ဤသို့အားဖြင့်ယဇ် ပလ္လင်ကိုသန့်ရှင်းစေမည်။ ထိုနောက်ယဇ်ပလ္လင် ကိုသံလွင်ဆီလောင်း၍ဆက်ကပ်ရမည်။-
37. ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
38. ``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-