21. ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။
22. ``သိုး၏အဆီ၊ အဆီရှိသောအမြီး၊ ဝမ်းတွင်း ဆီ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်ယင်း တို့ကိုဖုံးသောအဆီနှင့်ယာဘက်ပေါင်တို့ ကိုဖြတ်ယူရမည်။-
23. ငါ့အားဆက်သထားသောမုန့်ခြင်းတောင်း ထဲမှ တဆေးမပါသောမုန့်တစ်လုံး၊ ဆီနှင့် လုပ်သောမုန့်တစ်လုံး၊ မုန့်ပြားတစ်ချပ်ကို ယူလော့။
24. ``ထိုပူဇော်သကာအားလုံးတို့ကိုအာရုန်နှင့် သူ၏သားများလက်ထဲသို့ထည့်၍ သူတို့က အထူးပူဇော်သကာအဖြစ်ငါ့အားဆက် သစေရမည်။-
25. ထိုနောက်သူတို့၏လက်ထဲမှပူဇော်သကာ တို့ကိုယူ၍ ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်အပေါ် တွင်တင်လျက်မီးရှို့ပူဇော်ရမည်။ ငါသည်ထို ယဇ်မှရနံ့ကိုနှစ်သက်တော်မူ၏။
26. ``ထိုသိုး၏ရင်ပုံသားကိုယူ၍ အထူးပူ ဇော်သကာအဖြစ်ငါ့အားဆက်သရမည်။ ဤရင်ပုံသားသည်သင့်အတွက်ဖြစ်သည်။
27. ``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။-
28. ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
29. ``အာရုန်အနိစ္စရောက်သောအခါ၊ သူ၏သား တို့သည် ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ဝတ်ဆင်နိုင်စေရန်၊ သူ၏ယဇ်ပုရောဟိတ် ဝတ်စုံကိုဆက်ခံစေရမည်။-
30. ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
31. ``အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ ပူဇော်သောသိုး၏အသား ကို၊ သီးသန့်ရာဌာနတွင်ပြုတ်ရမည်။-