ထွက်​မြောက် 29:17-29 Common Language Bible (BCL)

17. သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။ သိုး​၏​ဝမ်း​တွင်း သား​နှင့်​နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​၍၊ ဦး​ခေါင်း​နှင့်​အ​ခြား​အ​သား​ပိုင်း​များ​ပေါ် တွင်​တင်​ပြီး​လျှင်၊-

18. သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။

19. ``ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဒု​တိ​ယ​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​စေ​ရ​မည်။ ထို​သိုး​သည်​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌​ပူ​ဇော်​သော​သိုး​ဖြစ်​၏။-

20. သိုး​ကို​သတ်​၍​သွေး​အ​နည်း​ငယ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​၏​ယာ​ဘက်​နား​ပျဉ်း၊ ယာ ဘက်​လက်​မ​နှင့်​ယာ​ဘက်​ခြေ​မ​တို့​ကို​သုတ် ရ​မည်။ ကျန်​ရှိ​နေ​သော​သွေး​ကို​ယဇ်​ပလ္လင်​၏ လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း​ရ မည်။-

21. ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း​ငယ်​နှင့် ဘိ​သိက်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍၊ အာ​ရုန်​နှင့် သူ​၏​အဝတ်​အင်္ကျီ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့​၏​အ​ဝတ်​အင်္ကျီ​တို့ အ​ပေါ်​၌​လည်း​ကောင်း​ဖျန်း​ရ​မည်။ ဤ​နည်း အား​ဖြင့်​အာ​ရုန်​နှင့်​သူ​၏​အ​ဝတ်​အင်္ကျီ​တို့ ကို​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့ ၏​အ​ဝတ်​အင်္ကျီ​များ​ကို​လည်း​ကောင်း​ငါ့ အား​ဆက်​ကပ်​ရ​မည်။

22. ``သိုး​၏​အ​ဆီ၊ အ​ဆီ​ရှိ​သော​အ​မြီး၊ ဝမ်း​တွင်း ဆီ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​ယင်း တို့​ကို​ဖုံး​သော​အ​ဆီ​နှင့်​ယာ​ဘက်​ပေါင်​တို့ ကို​ဖြတ်​ယူ​ရ​မည်။-

23. ငါ့​အား​ဆက်​သ​ထား​သော​မုန့်​ခြင်း​တောင်း ထဲ​မှ တ​ဆေး​မ​ပါ​သော​မုန့်​တစ်​လုံး၊ ဆီ​နှင့် လုပ်​သော​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ချပ်​ကို ယူ​လော့။

24. ``ထို​ပူ​ဇော်​သ​ကာ​အား​လုံး​တို့​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​လက်​ထဲ​သို့​ထည့်​၍ သူ​တို့​က အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက် သ​စေ​ရ​မည်။-

25. ထို​နောက်​သူ​တို့​၏​လက်​ထဲ​မှ​ပူ​ဇော်​သ​ကာ တို့​ကို​ယူ​၍ ပလ္လင်​ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​အ​ပေါ် တွင်​တင်​လျက်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ​သည်​ထို ယဇ်​မှ​ရ​နံ့​ကို​နှစ်​သက်​တော်​မူ​၏။

26. ``ထို​သိုး​၏​ရင်​ပုံ​သား​ကို​ယူ​၍ အ​ထူး​ပူ ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက်​သ​ရ​မည်။ ဤ​ရင်​ပုံ​သား​သည်​သင့်​အ​တွက်​ဖြစ်​သည်။

27. ``ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော် သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​ကို​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ် ငါ့​အား​ဆက်​သ​သော အ​ခါ​ထို​အ​သား​ပိုင်း​တို့​သည် ယဇ်​ပု​ရော ဟိတ်​များ​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။-

28. ငါ​၏​လူ​မျိုး​တော်​သည်​မိတ်​သ​ဟာ​ယ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ၊ ယဇ်​ကောင်​၏​ရင်​ပုံ​သား နှင့်​ပေါင်​ကို​ယဇ်​ပု​ရော​ဟိတ်​အား​ဝေ​ပုံ​စု အ​ဖြစ်​ပေး​ရ​မည်​ဟူ​သော​ပ​ညတ်​ကို​အ​မြဲ စောင့်​ရှောက်​လော့။ ဤ​ကား၊ လူ​တို့​က​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၏။

29. ``အာ​ရုန်​အ​နိစ္စ​ရောက်​သော​အ​ခါ၊ သူ​၏​သား တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ဝတ်​ဆင်​နိုင်​စေ​ရန်၊ သူ​၏​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဆက်​ခံ​စေ​ရ​မည်။-

ထွက်​မြောက် 29