1. ``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
2. ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
3. ထိုမုန့်များကိုတောင်းတစ်လုံးတွင်ထည့် လော့။ နွားနှင့်သိုးနှစ်ကောင်ကိုယဇ်ပူဇော် သောအခါ၊ မုန့်များကိုပါငါ့အားပူဇော် လော့။
4. ``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။-
5. ထိုနောက်ယဇ်ပုရောဟိတ်အဝတ်တန်ဆာ များဖြစ်သောအင်္ကျီ၊ ဝတ်ရုံ၊ သင်တိုင်းနှင့် ရင်ဖုံးတို့ကိုအာရုန်အားဝတ်ဆင်ပေး၍ ရင်စည်းကိုပေးရမည်။-
6. ဦးခေါင်းပေါ်တွင်ခေါင်းပေါင်းကိုတင်၍ `ထာဝရ ဘုရားအား ဆက်ကပ်ထားသည်' ဟုကမ္ပည်းထွင်း ထားသောရွှေပြားကိုခေါင်းပေါင်းပေါ်တွင် ချည်ရမည်။-
7. ထိုနောက်သူ၏ဦးခေါင်းပေါ်မှာဘိသိက်ဆီ လောင်းလျက်ဘိသိက်ပေးရမည်။
8. ``သူ၏သားများကိုလည်းခေါ်ပြီးလျှင် အင်္ကျီများကိုဝတ်ပေးလော့။-
9. ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
10. ``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
11. ငါစံရာတဲတော်တံခါးဝ၊ ငါ၏ရှေ့တော်တွင် နွားကိုသတ်ရမည်။-