ထွက်​မြောက် 28:33-34-42 Common Language Bible (BCL)

4. ထို​သူ​တို့​ချုပ်​လုပ်​ရ​မည့်​အ​ထည်​ဝတ်​စုံ​တို့ သည်​ကား ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​ရုံ၊ ပန်း​ဖောက်​ထား သော​အင်္ကျီ၊ ခေါင်း​ပေါင်း၊ ခါး​ပန်း​တို့​ဖြစ်​သည်။ ထို အ​ဝတ်​တန်​ဆာ​တို့​သည်​သင်​၏​အစ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​သည်၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ် ငါ​၏​အ​မှု​ကို​ထမ်း​ဆောင်​ရာ​၌​ဝတ် ဆင်​ရ​မည့်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သည်။-

5. အ​တတ်​ပ​ညာ​ရှင်​တို့​သည်​ချုပ်​လုပ်​ရာ​၌ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ရွှေ​ချည်၊ ပိတ်​ချော၊ တို့​ကို​အ​သုံး​ပြု​ရ​မည်။

6. ``သင်​တိုင်း​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး၊ ရွှေ​ချည်၊ ပိတ်​ချော​တို့​နှင့်​ချုပ် ၍​ပန်း​ဖော်​ထား​ရ​မည်။-

7. သင်​တိုင်း​နှစ်​စွန်း​ကို​ဆက်​စပ်​ရန်​ပ​ခုံး​သိုင်း ကြိုး​နှစ်​ပင်​ရှိ​ရ​မည်။-

8. ရင်​စည်း​ကို​လည်း​အ​လား​တူ​ပစ္စည်း​တို့​ဖြင့်​ချုပ် လုပ်​၍ သင်​တိုင်း​နှင့်​တစ်​ဆက်​တည်း​ဖြစ်​စေ​ရ​မည်။-

9. မ​ဟူ​ရာ​ကျောက်​နှစ်​လုံး​ကို​ယူ​၍၊ ၎င်း​တို့​အ​ပေါ် တွင် ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏ နာ​မည်​များ​ကို​ထွင်း​ရ​မည်။-

33-34. ဝတ်​ရုံ​အောက်​နား​ပတ်​လည်​တစ်​လျှောက်​တွင် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ​ဆည်း​လည်း​များ ကို​တစ်​လုံး​ကျော်​စီ​တပ်​ဆင်​ထား​ရ​မည်။-

35. အာ​ရုန်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ရ​သည့်​အ​ခါ​၌ ဤ​ဝတ်​ရုံ​ကို​ဝတ် ဆင်​ရ​မည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​အ​တွင်း ငါ​၏​ရှေ့​တော်​သို့​ဝင်​သည့်​အ​ခါ​ဖြစ်​စေ၊ ထို နေ​ရာ​မှ​ထွက်​လာ​သည့်​အ​ခါ​၌​ဖြစ်​စေ ဆည်း​လည်း​သံ​များ​ကို​ကြား​ရ​မည်​ဖြစ် သ​ဖြင့်​သူ​သည်​သေ​ဘေး​မှ​လွတ်​လိမ့်​မည်။

36. ``ရွှေ​ပြား​တစ်​ချပ်​ကို​ပြု​လုပ်​ပြီး​လျှင် `ထာ ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟူ​၍ ကမ္ပည်း​ထိုး​ထား​လော့။-

37. န​ဖူး​အ​ထက်​ခေါင်း​ပေါင်း​ပေါ်​တွင်​ထို​ရွှေ ပြား​ကို​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ရ​မည်။-

38. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ရာ​၌​မှား ယွင်း​ချွတ်​ချော်​မှု​ရှိ​သော်​လည်း၊ ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​နိုင်​ရန်​အာ​ရုန်​သည်​ရွှေ ပြား​ကို​န​ဖူး​ပေါ်​တွင်​တပ်​ဆင်​ထား​ရ​မည်။

39. ``အင်္ကျီ​နှင့်​ခေါင်း​ပေါင်း​ကို​ပိတ်​ချော​ဖြင့် ရက်​လုပ်​၍ ခါး​ပန်း​ကို​ပန်း​ထိုး​ထား​ရ​မည်။

40. ``အာ​ရုန်​၏​သား​များ​ဝတ်​ဆင်​ရန်​ထည်​ဝါ​ခန့် ညား​သော​အင်္ကျီ၊ ခါး​ပန်း​နှင့်​ဦး​ထုပ်​ရှည်​များ ကို​ချုပ်​ပေး​ရ​မည်။-

41. ထို​အ​ဝတ်​အင်္ကျီ​များ​ကို​သင်​၏​အစ်​ကို​အာ​ရုန် နှင့် သူ​၏​သား​တို့​အား​ဝတ်​ဆင်​ပေး​လော့။ ထို​နောက် သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင် ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သင်​သည်​သူ​တို့ အား​သံ​လွင်​ဆီ​ဖြင့်​ဘိ​သိက်​ပေး​လော့။-

42. သူ​တို့​၏​အ​ရှက်​လုံ​ရန်​ခါး​မှ​ပေါင်​အ​ထိ​ရှည် သော​အ​တွင်း​ခံ​ဘောင်း​ဘီ​တို​များ​ချုပ်​ပေး ရ​မည်။-

ထွက်​မြောက် 28