32. ဦးခေါင်းစွပ်ရန်လည်ပေါက်ရှိစေရမည်။ ထို လည်ပေါက်မစုတ်ပြဲစေရန်ပတ်လည်နားကို ရက်ထည်ဖြင့်ကွပ်ထားရမည်။-
33-34. ဝတ်ရုံအောက်နားပတ်လည်တစ်လျှောက်တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး သလဲသီးလုံးများနှင့်ရွှေဆည်းလည်းများ ကိုတစ်လုံးကျော်စီတပ်ဆင်ထားရမည်။-
35. အာရုန်သည်ယဇ်ပုရောဟိတ်အမှုကိစ္စကို ဆောင်ရွက်ရသည့်အခါ၌ ဤဝတ်ရုံကိုဝတ် ဆင်ရမည်။ သူသည်သန့်ရှင်းရာဌာနအတွင်း ငါ၏ရှေ့တော်သို့ဝင်သည့်အခါဖြစ်စေ၊ ထို နေရာမှထွက်လာသည့်အခါ၌ဖြစ်စေ ဆည်းလည်းသံများကိုကြားရမည်ဖြစ် သဖြင့်သူသည်သေဘေးမှလွတ်လိမ့်မည်။
36. ``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
37. နဖူးအထက်ခေါင်းပေါင်းပေါ်တွင်ထိုရွှေ ပြားကိုကြိုးပြာဖြင့်ချည်ထားရမည်။-
38. ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
39. ``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
40. ``အာရုန်၏သားများဝတ်ဆင်ရန်ထည်ဝါခန့် ညားသောအင်္ကျီ၊ ခါးပန်းနှင့်ဦးထုပ်ရှည်များ ကိုချုပ်ပေးရမည်။-
41. ထိုအဝတ်အင်္ကျီများကိုသင်၏အစ်ကိုအာရုန် နှင့် သူ၏သားတို့အားဝတ်ဆင်ပေးလော့။ ထိုနောက် သူတို့သည်ငါ၏အမှုတော်ကိုထမ်းဆောင်နိုင် ရန် ယဇ်ပုရောဟိတ်များအဖြစ်သင်သည်သူတို့ အားသံလွင်ဆီဖြင့်ဘိသိက်ပေးလော့။-
42. သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-