ထွက်​မြောက် 28:23-27 Common Language Bible (BCL)

23. ရင်​ဖုံး​အ​ထက်​ထောင့်​စွန်း​များ​တွင်​ချိတ်​တပ် ဆင်​ရန် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​ရ​မည်။-

24. ရွှေ​ကြိုး​အ​စ​နှစ်​စ​ကို​ကွင်း​နှစ်​ကွင်း​တွင်​တပ် ထား​ရ​မည်။-

25. အ​ခြား​ရွှေ​ကြိုး​နှစ်​စ​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု​တွင် တပ်​ဆင်​သ​ဖြင့် ရင်​ဖုံး​ကို​သင်​တိုင်း​ပ​ခုံး​သိုင်း ကြိုး​များ​နှင့်​ဆက်​လျက်​ရှိ​စေ​မည်။-

26. ထို​နောက်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​၍ သင် တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက်​ထောင့် အ​တွင်း​နား​တွင်​တပ်​ဆင်​ထား​ရ​မည်။-

27. ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု​လုပ်​၍၊ လှ​ပ​စွာ ရက်​ထား​သော​ရင်​စည်း​အ​ထက်၊ သင်​တိုင်း​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ဆင်​ထား​ရ​မည်။-

ထွက်​မြောက် 28