ထွက်​မြောက် 28:22-31 Common Language Bible (BCL)

22. ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ်​များ​ကို​ပြု​လုပ်​လော့။-

23. ရင်​ဖုံး​အ​ထက်​ထောင့်​စွန်း​များ​တွင်​ချိတ်​တပ် ဆင်​ရန် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​ရ​မည်။-

24. ရွှေ​ကြိုး​အ​စ​နှစ်​စ​ကို​ကွင်း​နှစ်​ကွင်း​တွင်​တပ် ထား​ရ​မည်။-

25. အ​ခြား​ရွှေ​ကြိုး​နှစ်​စ​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု​တွင် တပ်​ဆင်​သ​ဖြင့် ရင်​ဖုံး​ကို​သင်​တိုင်း​ပ​ခုံး​သိုင်း ကြိုး​များ​နှင့်​ဆက်​လျက်​ရှိ​စေ​မည်။-

26. ထို​နောက်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​၍ သင် တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက်​ထောင့် အ​တွင်း​နား​တွင်​တပ်​ဆင်​ထား​ရ​မည်။-

27. ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု​လုပ်​၍၊ လှ​ပ​စွာ ရက်​ထား​သော​ရင်​စည်း​အ​ထက်၊ သင်​တိုင်း​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ဆင်​ထား​ရ​မည်။-

28. ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင်​တိုင်း​မှ​ကွင်း​များ နှင့်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​သ​ဖြင့်၊ ရင်​ဖုံး​သည် လျှော​မ​ကျ​ဘဲ​ရင်​စည်း​အ​ထက်​တွင်​တည်​မြဲ နေ​မည်။

29. ``အာ​ရုန်​သည်​သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​သော အ​ခါ ရင်​ဖုံး​ကို​ဝတ်​ဆင်​ရ​မည်။ ရင်​ဖုံး​ပေါ် တွင်​ဣ​သ​ရေ​လ​အ​မျိုး​များ​၏​နာ​မည်​များ ပါ​ရှိ​သ​ဖြင့်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ ၏​လူ​မျိုး​တော်​ကို​အ​စဉ်​သ​တိ​ရ​လိမ့်​မည်။-

30. အာ​ရုန်​သည်​ငါ​၏​ရှေ့​တော်​သို့​ဝင်​သော​အ​ခါ ဥ​ရိမ်​နှင့်​သု​မိမ်​ ပါ​ဆောင်​လျက်​ဝင်​နိုင်​စေ​ရန်၊ သူ​၏​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ်​ကို​ထည့်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​လို​တော် မည်​သို့​ရှိ​သည်​ကို သိ​နိုင်​ရန်​အာ​ရုန်​သည်​ငါ ၏​ရှေ့​တော်​သို့​ဝင်​လာ​သော​အ​ခါ​တိုင်း​ဤ ရင်​ဖုံး​ကို​ဝတ်​ဆင်​ထား​ရ​မည်။

31. ``သင်​တိုင်း​ပေါ်​တွင်​ဝတ်​ရ​သော​ဝတ်​ရုံ​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ချုပ်​လုပ်​ရ​မည်။-

ထွက်​မြောက် 28