20. စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့တို့ ကိုရွှေပန်းထည်များ၌ထည့်သွင်းထားရမည်။-
21. ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
22. ရင်ဖုံးအတွက်ရွှေကြိုးလိမ်များကိုပြုလုပ်လော့။-
23. ရင်ဖုံးအထက်ထောင့်စွန်းများတွင်ချိတ်တပ် ဆင်ရန် ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်ရမည်။-