13. ရွှေပန်းထည်နှစ်ခုကိုပြုလုပ်၍၊-
14. ရွှေကြိုးလိမ်နှစ်ပင်ကိုပန်းထည်များတွင် တပ်ထားရမည်။
15. ``ဘုရားသခင်၏အလိုတော်မည်သို့ရှိသည် ကိုသိနိုင်ရန် အသုံးပြုသည့်ရင်ဖုံးကိုယဇ် ပုရောဟိတ်မင်းအတွက်ချုပ်လုပ်လော့။ ရင်ဖုံး ကိုသင်တိုင်းချုပ်သည့်ပစ္စည်းများနှင့်ချုပ်လုပ် ၍အလားတူပန်းဖော်ထားရမည်။-
16. ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျားအနံ ကိုးလက်မစီစတုရန်းဖြစ်ရမည်။-
17. ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
18. ဒုတိယအတန်းတွင် မြ၊ နီလာ၊ စိန်၊-
19. တတိယအတန်းတွင်ကျောက်စိမ်း၊ မဟူရာ၊ ဂေါ်မိတ်၊-
20. စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့တို့ ကိုရွှေပန်းထည်များ၌ထည့်သွင်းထားရမည်။-
21. ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
22. ရင်ဖုံးအတွက်ရွှေကြိုးလိမ်များကိုပြုလုပ်လော့။-
23. ရင်ဖုံးအထက်ထောင့်စွန်းများတွင်ချိတ်တပ် ဆင်ရန် ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်ရမည်။-
24. ရွှေကြိုးအစနှစ်စကိုကွင်းနှစ်ကွင်းတွင်တပ် ထားရမည်။-
25. အခြားရွှေကြိုးနှစ်စကိုရွှေပန်းထည်နှစ်ခုတွင် တပ်ဆင်သဖြင့် ရင်ဖုံးကိုသင်တိုင်းပခုံးသိုင်း ကြိုးများနှင့်ဆက်လျက်ရှိစေမည်။-
26. ထိုနောက်ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်၍ သင် တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက်ထောင့် အတွင်းနားတွင်တပ်ဆင်ထားရမည်။-
27. ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြုလုပ်၍၊ လှပစွာ ရက်ထားသောရင်စည်းအထက်၊ သင်တိုင်းအရှေ့ အနားပတ်အနီးတွင်တပ်ဆင်ထားရမည်။-