12. ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
13. ရွှေပန်းထည်နှစ်ခုကိုပြုလုပ်၍၊-
14. ရွှေကြိုးလိမ်နှစ်ပင်ကိုပန်းထည်များတွင် တပ်ထားရမည်။
15. ``ဘုရားသခင်၏အလိုတော်မည်သို့ရှိသည် ကိုသိနိုင်ရန် အသုံးပြုသည့်ရင်ဖုံးကိုယဇ် ပုရောဟိတ်မင်းအတွက်ချုပ်လုပ်လော့။ ရင်ဖုံး ကိုသင်တိုင်းချုပ်သည့်ပစ္စည်းများနှင့်ချုပ်လုပ် ၍အလားတူပန်းဖော်ထားရမည်။-
16. ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျားအနံ ကိုးလက်မစီစတုရန်းဖြစ်ရမည်။-