ထွက်​မြောက် 28:1-5 Common Language Bible (BCL)

1. ``သင်​၏​အစ်​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​ဖြစ် သော​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣသ​မာ​တို့ အ​ထဲ​က​ရွေး​ထုတ်​လော့။-

2. သင့်​အစ်​ကို​အာ​ရုန်​အ​တွက်​ခန့်​ညား​ထည်​ဝါ သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချုပ်​လုပ်​ပေး ရ​မည်။-

3. အာ​ရုန်​သည်​ငါ့​ထံ​၌​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဆက်​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​စေ​ရန်၊ ငါ​ကျွမ်း​ကျင်​မှု​ပ​ညာ​ပေး​ထား​သူ​တို့​ကို​ဆင့် ခေါ်​၍​သူ့​အ​တွက်​ဝတ်​စုံ​ကို​ချုပ်​စေ​ရ​မည်။-

4. ထို​သူ​တို့​ချုပ်​လုပ်​ရ​မည့်​အ​ထည်​ဝတ်​စုံ​တို့ သည်​ကား ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​ရုံ၊ ပန်း​ဖောက်​ထား သော​အင်္ကျီ၊ ခေါင်း​ပေါင်း၊ ခါး​ပန်း​တို့​ဖြစ်​သည်။ ထို အ​ဝတ်​တန်​ဆာ​တို့​သည်​သင်​၏​အစ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​သည်၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ် ငါ​၏​အ​မှု​ကို​ထမ်း​ဆောင်​ရာ​၌​ဝတ် ဆင်​ရ​မည့်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သည်။-

5. အ​တတ်​ပ​ညာ​ရှင်​တို့​သည်​ချုပ်​လုပ်​ရာ​၌ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ရွှေ​ချည်၊ ပိတ်​ချော၊ တို့​ကို​အ​သုံး​ပြု​ရ​မည်။

33-34. ဝတ်​ရုံ​အောက်​နား​ပတ်​လည်​တစ်​လျှောက်​တွင် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ​ဆည်း​လည်း​များ ကို​တစ်​လုံး​ကျော်​စီ​တပ်​ဆင်​ထား​ရ​မည်။-

ထွက်​မြောက် 28