ထွက်​မြောက် 27:9-20 Common Language Bible (BCL)

9. ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ပိတ်​ချော​ကန့်​လန့် ကာ​တို့​ဖြင့်​ကာ​ရံ​ထား​ရ​မည်။ တောင်​ဘက်​ကိုက် ငါး​ဆယ်​ရှည်​သော​ကန့်​လန့်​ကာ​ဖြင့်​ကာ​ရ​မည်။-

10. ထို​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​တိုင်​နှစ်​ဆယ်၊ ဖိ​နပ်​နှစ်​ဆယ်​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြုလုပ်​၍​တိုင် ချိတ်၊ တိုင်​တန်း​များ​ကို​ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။-

11. မြောက်​ဘက်​တွင်​လည်း​ထို​နည်း​အ​တိုင်း​ကန့်​လန့် ကာ​ချိတ်​ဆွဲ​ရန်​စီ​မံ​လော့။-

12. တဲ​တော်​ဝင်း​အ​နောက်​ဘက်​တွင်​နှစ်​ဆယ့်​ငါး​ကိုက် ရှည်​သော​ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်၊ တိုင်​ဆယ် တိုင်​နှင့်​ဖိ​နပ်​ဆယ်​ခု​ရှိ​စေ​ရ​မည်။-

13. တဲ​တော်​တံ​ခါး​ဝ​တည်​ရှိ​ရာ​အ​ရှေ့​ဘက်​တွင် လည်း၊ နှစ်​ဆယ့်​ငါး​ကိုက်​ရှည်​သော​အကာ​အရံ ရှိ​စေ​ရ​မည်။-

16. တဲ​တော်​ဝင်း​တံ​ခါး​ဝ​အ​တွက်​အ​လျား​ဆယ် ကိုက်​ရှိ​၍​သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​နှင့်​ချည်​ချော​တို့​ဖြင့်​ရက်​သော​ပန်း​ထိုး ကန့်​လန့်​ကာ​ပြု​လုပ်​ရ​မည်။ ထို​ကန့်​လန့်​ကာ​ကို ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​သော​တိုင်​လေး​တိုင် ဖြင့်​ချိတ်​ဆွဲ​ရ​မည်။-

17. တဲ​တော်​ပတ်​လည်​ရှိ​တိုင်​အား​လုံး​ကို​ငွေ​တန်း​များ ဖြင့်​ဆက်​ထား​၍၊ ချိတ်​များ​ကို​ငွေ​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​လည်း​ကောင်း​ပြု​လုပ် ရ​မည်။-

18. တဲ​တော်​ဝင်း​အ​ကာ​အ​ရံ​သည်​အ​လျား​ပေ​တစ် ရာ့​ငါး​ဆယ်၊ အ​နံ​ခု​နစ်​ဆယ့်​ငါး​ပေ​နှင့်​အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ရ​မည်။ ကန့်​လန့်​ကာ​များ​ကို​ပိတ် ချော​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ ဖြင့်​လည်း​ကောင်း​ပြု​လုပ်​ရ​မည်။-

19. တဲ​တော်​အ​တွက်​အ​သုံး​အ​ဆောင်​ပစ္စည်း​အား လုံး​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​တဲ​တော်​အကာ အရံ​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။

20. ``ဆီ​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​နိုင်​ရန် အ ကောင်း​ဆုံး​သံ​လွင်​ဆီ​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့ ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို လော့။-

ထွက်​မြောက် 27