18. တဲတော်ဝင်းအကာအရံသည်အလျားပေတစ် ရာ့ငါးဆယ်၊ အနံခုနစ်ဆယ့်ငါးပေနှင့်အမြင့် ခုနစ်ပေခွဲရှိရမည်။ ကန့်လန့်ကာများကိုပိတ် ချောဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါ ဖြင့်လည်းကောင်းပြုလုပ်ရမည်။-
19. တဲတော်အတွက်အသုံးအဆောင်ပစ္စည်းအား လုံးကိုလည်းကောင်း၊ တဲတော်နှင့်တဲတော်အကာ အရံအတွက်ကြက်ဆူးရှိသမျှကိုလည်းကောင်း၊ ကြေးဝါဖြင့်ပြုလုပ်ရမည်။
20. ``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။-