ထွက်​မြောက် 27:1-6 Common Language Bible (BCL)

1. ``အ​ကာ​ရှ​သစ်​သား​ဖြင့်​ယဇ်​ပလ္လင်​ကို​ပြု​လုပ် လော့။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ်​ပေ​ခွဲ၊ အ​နံ ခု​နစ်​ပေ​ခွဲ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​စေ​ရ​မည်။-

2. ပလ္လင်​လေး​ထောင့်​တွင်​ဦး​ချို​သဏ္ဌာန်​အ​တက် လေး​ခု​ရှိ​စေ​ရ​မည်။ ထို​ဦး​ချို​တို့​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ရှိ​၍ တစ်​ခု​လုံး​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-

3. ပြာ​နှင့်​အ​ဆီ​ခံ​အိုး၊ ဂေါ်​ပြား၊ အင်​တုံ၊ ချိတ်၊ မီး ကျီး​ခံ​အိုး​အ​စ​ရှိ​သော​ယဇ်​ပလ္လင်​နှင့်​ဆိုင်​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ် ရ​မည်။-

4. ပလ္လင်​အ​တွက်​ကြေး​ဝါ​ဆန်​ခါ​ကို​လည်း​ပြု​လုပ် ရ​မည်။ ထို​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ကြေး​ဝါ ကွင်း​လေး​ကွင်း​တပ်​ဆင်​ရ​မည်။-

5. ပလ္လင်​အမြင့်​ထက်​ဝက်​နေ​ရာ​၌​ဆန်​ခါ​ကို​တပ် ဆင်​ရ​မည်။-

6. ပလ္လင်​ကို​ထမ်း​ရန်​အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း ပိုး​များ​ပြု​လုပ်​၍၊ ထို​ထမ်း​ပိုး​များ​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-

14-15. အ​ဝင်​ဝ​တစ်​ဘက်​တစ်​ချက်​တွင်​ခု​နစ်​ကိုက်​ခွဲ ရှည်​သော​ကန့်​လန့်​ကာ​နှင့်​တိုင်​သုံး​တိုင်၊ ဖိ​နပ် သုံး​ခု​ရှိ​စေ​ရ​မည်။-

ထွက်​မြောက် 27