7. ``တဲတော်အမိုးအတွက်အထည်တစ်ဆယ့် တစ်ထည်ကို ဆိတ်မွေးနှင့်ရက်လုပ်လော့။-
8. တစ်ထည်လျှင်အလျားတစ်ဆယ့်ငါးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။-
9. အထည်ငါးထည်ကိုတစ်စပ်၊ အခြားခြောက် ထည်ကိုတစ်စပ်ချုပ်ရမည်။ ဆဋ္ဌမအထည် ကိုတဲတော်ဦး၌ခေါက်တင်ထားရမည်။-
10. ပထမအစပ်၏နောက်ဆုံးအထည်နားတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏အနားတွင်ကွင်းငါးဆယ်ကိုလည်းကောင်း တပ်ထားရမည်။-
11. ထိုအထည်နှစ်စပ်ကိုပေါင်း၍တဲတော်၏ အမိုးဖြစ်စေရန် ကြေးဝါချိတ်ငါးဆယ်ကို ပြုလုပ်ပြီးလျှင်ကွင်းများတွင်ချိတ်ဆက် ပေးလော့။-
12. ပိုနေသည့်အထည်တစ်ဝက်ကိုတဲတော်နောက် မှာတွဲကျစေရမည်။-
13. အထည်အလျားတစ်ဘက်တစ်ချက်တွင်ပို ထွက်နေသည့်ကိုက်တစ်ဝက်ကို တဲတော်၏ ဘေးဘက်၌တွဲကျစေရမည်။
14. ``အမိုးနှစ်ထပ်ထပ်မံ၍ပြုလုပ်ရမည်။ တစ် ထပ်ကိုအနီရောင်ဆိုးသောသိုးထီးသားရေ ဖြင့်ပြုလုပ်ရမည်။ အပေါ်ဆုံးအထပ်ကို သားရေချောဖြင့်ပြုလုပ်ရမည်။
15. ``တဲတော်အတွင်းဘောင်ခွေများကို အကာရှ သစ်သားဖြင့်ပြုလုပ်ရမည်။-
16. ဘောင်ခွေများသည်အလျားတစ်ဆယ့်ငါးပေ၊ အနံနှစ်ဆယ့်ခုနစ်လက်မစီရှိ၍၊-
17. ဘောင်ခွေချင်းဆက်စပ်ထားရန်စရွေးဖော်ထား ရမည်။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင် စရွေးဖော်ထားရမည်။-
18. တဲတော်တောင်ဘက်အတွက်ဘောင်ခွေနှစ်ဆယ် ကိုပြုလုပ်ရမည်။-
19. ဘောင်ခွေတစ်ခုစီအောက်ရှိခြေထောက်နှစ်ခု စီအတွက် ငွေဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ် လေးဆယ်ကိုပြုလုပ်ရမည်။-
20. တဲတော်မြောက်ဘက်အတွက်ဘောင်ခွေနှစ် ဆယ်နှင့်၊-