1. ``ငါစံတော်မူရာတဲတော်ကို ချည်ချော၊ သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်တို့နှင့်ရက် သောကန့်လန့်ကာဆယ်ခုဖြင့်ပြုလုပ်လော့။ ထို ကန့်လန့်ကာများတွင် ခေရုဗိမ်ရုပ်များပန်း ပေါက်ဖော်ထားရမည်။-
2. ကန့်လန့်ကာများသည်အလျားတစ်ဆယ့် လေးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။-
3. ကန့်လန့်ကာငါးထည်ကိုစပ်၍ချုပ်ရမည်။ အခြားငါးထည်ကိုလည်းထိုအတိုင်းချုပ် ရမည်။-
4. ကန့်လန့်ကာတစ်စုံစီ၏အပြင်ဘက်နားများ တွင် တပ်ရန်ပိတ်အပြာကွင်းများကိုပြုလုပ် ရမည်။-
5. ငါးထည်စပ်ပထမကန့်လန့်ကာရှိရှေ့ဆုံး အထည်တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယငါးထည်စပ်ကန့်လန့်ကာရှိနောက် ဆုံးအထည်တွင် ကွင်းငါးဆယ်ကိုလည်း ကောင်းကွင်းဆိုင်မီအောင်တပ်ထားရမည်။-
6. ကန့်လန့်ကာနှစ်စုံကိုတစ်ခုတည်းဖြစ်စေရန် ဆက်ရမည့်ရွှေချိတ်ငါးဆယ်ကိုပြုလုပ်လော့။
7. ``တဲတော်အမိုးအတွက်အထည်တစ်ဆယ့် တစ်ထည်ကို ဆိတ်မွေးနှင့်ရက်လုပ်လော့။-
8. တစ်ထည်လျှင်အလျားတစ်ဆယ့်ငါးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။-
9. အထည်ငါးထည်ကိုတစ်စပ်၊ အခြားခြောက် ထည်ကိုတစ်စပ်ချုပ်ရမည်။ ဆဋ္ဌမအထည် ကိုတဲတော်ဦး၌ခေါက်တင်ထားရမည်။-
10. ပထမအစပ်၏နောက်ဆုံးအထည်နားတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏အနားတွင်ကွင်းငါးဆယ်ကိုလည်းကောင်း တပ်ထားရမည်။-
11. ထိုအထည်နှစ်စပ်ကိုပေါင်း၍တဲတော်၏ အမိုးဖြစ်စေရန် ကြေးဝါချိတ်ငါးဆယ်ကို ပြုလုပ်ပြီးလျှင်ကွင်းများတွင်ချိတ်ဆက် ပေးလော့။-