27. ထမ်းပိုးလျှိုရန်ကွင်းများကိုဘောင်အနီး၌ ကပ်၍တပ်ဆင်ရမည်။-
28. ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍ရွှေချထားရမည်။-
29. စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။-
30. ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။
31. ``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-