20. ခေရုဗိမ်များ၏ဖြန့်ထားသောအတောင်များ သည် သေတ္တာအဖုံးကိုဖြန့်မိုးထားစေရမည်။ သူတို့သည်မျက်နှာချင်းဆိုင်၍သေတ္တာဖုံးကို ကြည့်နေစေရမည်။-
21. သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။-
22. ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
23. ``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
24. စားပွဲကိုရွှေချ၍အနားကိုရွှေကွပ်ထားရမည်။-
25. စားပွဲပတ်လည်တွင်သုံးလက်မဗြက်ရှိသော ဘောင်တပ်၍အနားကိုရွှေကွပ်ရမည်။-
26. စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ်ယူ ရန် ရွှေကွင်းလေးကွင်းတပ်ထားရမည်။-
27. ထမ်းပိုးလျှိုရန်ကွင်းများကိုဘောင်အနီး၌ ကပ်၍တပ်ဆင်ရမည်။-
28. ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍ရွှေချထားရမည်။-
29. စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။-
30. ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။