8. ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။
9. မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်တို့သည် တောင်ပေါ်သို့တက်၍၊-
10. ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။-
11. ဘုရားသခင်သည်ဣသရေလအမျိုးသားခေါင်း ဆောင်တို့အားဘေးဥပဒ်ရောက်စေတော်မမူ။ သူတို့သည် ဘုရားသခင်အားဖူးမြင်ပြီး နောက်အတူတကွစားသောက်ကြ၏။
12. ထာဝရဘုရားကမောရှေအား``ငါရှိရာ တောင်ပေါ်သို့တက်လာလော့။ လူတို့ကိုသွန် သင်ရန်အတွက် ငါရေးထားသောပညတ်အား လုံးပါရှိသည့်ကျောက်ပြားနှစ်ပြားကိုသင့် အားငါအပ်ပေးမည်'' ဟုမိန့်တော်မူ၏။-
13. ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။-
14. မောရှေကဣသရေလအမျိုးသားခေါင်းဆောင် တို့အား``ငါတို့ပြန်ရောက်သည့်တိုင်အောင်ဤ အရပ်တွင်စောင့်ဆိုင်းနေကြလော့။ သင်တို့တွင် အငြင်းအခုံတစ်ခုခုပေါ်ပေါက်လျှင် အာရုန် နှင့်ဟုရတို့ထံသွား၍အဆုံးအဖြတ်ခံယူ ကြလော့'' ဟုမှာကြားခဲ့လေသည်။
15. မောရှေသည်တောင်ပေါ်သို့တက်သွားသောအခါ မိုးတိမ်သည်တောင်ကိုဖုံးလွှမ်းလေ၏။-
18. ထိုအခါမောရှေသည်မိုးတိမ်ဖုံးအုပ်နေသော တောင်ထိပ်ပေါ်သို့တက်သွားလေသည်။ သူသည် တောင်ထိပ်ပေါ်တွင်အရက်လေးဆယ်ပတ်လုံး ရှိနေ၏။