ထွက်​မြောက် 24:7-18 Common Language Bible (BCL)

7. ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် များ​ရေး​ထား​သော​ပ​ဋိ​ညာဉ်​စာ​အုပ်​ကို​ယူ​၍ လူ​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ်​ပြ​လေ​သည်။ သူ​တို့​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​ပါ​မည်'' ဟု​ဆို​လေ​၏။

8. ထို​နောက်​မော​ရှေ​သည်​အင်​တုံ​များ​ထဲ​မှ​သွေး ကို​ယူ​၍ လူ​တို့​အ​ပေါ်​သို့​ပက်​ဖျန်း​လေ​၏။ သူ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပ​ညတ် များ​ကို​ပေး​လျက် သင်​တို့​နှင့်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ဤ​သွေး​ဖြင့်​အ​တည်​ဖြစ်​စေ ပြီ'' ဟု​ဆို​လေ​၏။

9. မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​တို့​သည် တောင်​ပေါ်​သို့​တက်​၍၊-

10. ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဖူး​မြင်​ရ​ကြ​၏။ ကိုယ်​တော်​၏​ခြေ​တော်​အောက်​တွင် မိုး​ကောင်း​ကင်​သ​ဖွယ်​ပြာ​လက်​နေ​သော​နီ​လာ ကျောက်​ခင်း​ထား​သည်​ဟု​ထင်​ရ​၏။-

11. ဘု​ရား​သ​ခင်​သည်​ဣသ​ရေလ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖူး​မြင်​ပြီး နောက်​အ​တူ​တ​ကွ​စား​သောက်​ကြ​၏။

12. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။ လူ​တို့​ကို​သွန် သင်​ရန်​အ​တွက် ငါ​ရေး​ထား​သော​ပ​ညတ်​အား လုံး​ပါ​ရှိ​သည့်​ကျောက်​ပြား​နှစ်​ပြား​ကို​သင့် အား​ငါ​အပ်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-

13. ထို့​ကြောင့်​မော​ရှေ​သည်​မိ​မိ​၏​လက်​ထောက် ယော​ရှု​နှင့်​အ​တူ အ​သင့်​ပြင်​၍​တောင်​တော် ပေါ်​သို့​တက်​သွား​လေ​သည်။-

14. မော​ရှေ​က​ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင် တို့​အား``ငါ​တို့​ပြန်​ရောက်​သည့်​တိုင်​အောင်​ဤ အ​ရပ်​တွင်​စောင့်​ဆိုင်း​နေ​ကြ​လော့။ သင်​တို့​တွင် အ​ငြင်း​အ​ခုံ​တစ်​ခု​ခု​ပေါ်​ပေါက်​လျှင် အာ​ရုန် နှင့်​ဟု​ရ​တို့​ထံ​သွား​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ ကြ​လော့'' ဟု​မှာ​ကြား​ခဲ့​လေ​သည်။

15. မော​ရှေ​သည်​တောင်​ပေါ်​သို့​တက်​သွား​သော​အ​ခါ မိုး​တိမ်​သည်​တောင်​ကို​ဖုံး​လွှမ်း​လေ​၏။-

18. ထို​အ​ခါ​မော​ရှေ​သည်​မိုး​တိမ်​ဖုံး​အုပ်​နေ​သော တောင်​ထိပ်​ပေါ်​သို့​တက်​သွား​လေ​သည်။ သူ​သည် တောင်​ထိပ်​ပေါ်​တွင်​အ​ရက်​လေး​ဆယ်​ပတ်​လုံး ရှိ​နေ​၏။

ထွက်​မြောက် 24