7. လူတစ်ဦးအားမဟုတ်မမှန်မစွပ်စွဲရ။ အပြစ် ကင်းမဲ့သူကိုသေဒဏ်မစီရင်ရ။ ထိုသို့မ တရားမှုပြုသူအားငါအပြစ်ဒဏ်ပေးမည်။-
8. တံစိုးလက်ဆောင်စားသူသည်အမှန်တရားကို မမြင်နိုင်သည့်အပြင် အပြစ်ကင်းမဲ့သူကို ပျက်စီးစေနိုင်သောကြောင့်တံစိုးလက်ဆောင် မယူရ။
9. ``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နှင့် နေထိုင်ခဲ့ဖူး၍ဧည့်သည်၏ခံစားချက်ကို သိသည်ဖြစ်သောကြောင့် သင်တို့၏ပြည်တွင် ဧည့်သည်ဖြစ်သောအခြားအမျိုးသားတို့ ကိုမညှဉ်းဆဲနှင့်။