27. ``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
28. ဟိဝိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိတ္တိ အမျိုးသားတို့သည်ထိတ်လန့်တကြားဖြစ် ၍ထွက်ပြေးရကြလိမ့်မည်။-
29. ငါသည်ထိုလူမျိုးအားလုံးတို့ကိုတစ်နှစ် အတွင်းမောင်းထုတ်မည်မဟုတ်။ အကယ်၍ထို သို့ပြုမူပါမူ တိုင်းပြည်တွင်လူသူကင်းမဲ့၍ သားရဲများမင်းမူသဖြင့်သင်တို့အားအန္တရာယ် ဖြစ်စေမည်။-