ထွက်​မြောက် 23:26-28 Common Language Bible (BCL)

26. သင်​တို့​၏​ပြည်​တွင်​ကိုယ်​ဝန်​ပျက်​သော​မိန်း​မ၊ မြုံ​သော​မိန်း​မ​ဟူ​၍​မ​ရှိ​စေ​ရ။ သင်​တို့​အား အ​သက်​ရှည်​စေ​မည်။

27. ``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-

28. ဟိ​ဝိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​တ​ကြား​ဖြစ် ၍​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

ထွက်​မြောက် 23