ထွက်​မြောက် 23:23-27 Common Language Bible (BCL)

23. ငါ​၏​ကောင်း​ကင်​တ​မန်​သည်​သင်​တို့​ရှေ့​က သွား​၍ အာ​မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​လိမ့်​မည်။ ထို​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ငါ​သုတ်​သင်​ဖျက်​ဆီး မည်။-

24. သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-

25. သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​လျှင် ငါ​သည်​သင်​တို့​အား ဝ​လင်​စွာ​စား​သောက်​ရ​စေ​မည်။ အ​နာ​ရော​ဂါ တို့​မှ​လည်း​ကင်း​ရှင်း​စေ​မည်။-

26. သင်​တို့​၏​ပြည်​တွင်​ကိုယ်​ဝန်​ပျက်​သော​မိန်း​မ၊ မြုံ​သော​မိန်း​မ​ဟူ​၍​မ​ရှိ​စေ​ရ။ သင်​တို့​အား အ​သက်​ရှည်​စေ​မည်။

27. ``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-

ထွက်​မြောက် 23