19. ``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
20. ``ခရီးလမ်းတွင်သင်တို့အားစောင့်ရှောက်ရန်နှင့် ငါပြင်ဆင်သောအရပ်သို့ သင်တို့ကိုပို့ဆောင်ရန် သင်တို့ရှေ့ကကောင်းကင်တမန်ကိုငါစေလွှတ် မည်။-
21. သူ့ကိုရိုသေလေးစား၍သူ့စကားကိုနားထောင် လော့။ သူ့ကိုငါစေလွှတ်သောကြောင့်သူ့ကိုမပုန် ကန်နှင့်။ သူသည်ထိုသို့သောပုန်ကန်မှုကိုခွင့် လွှတ်လိမ့်မည်မဟုတ်။-
22. သို့ရာတွင်သင်တို့သည်သူ့စကားကိုနား ထောင်၍ ငါမိန့်မှာသမျှအတိုင်းပြုလုပ်လျှင် ငါသည်သင်တို့၏ရန်သူအပေါင်းကိုတိုက် ခိုက်၍ သင့်အားဆန့်ကျင်သူအပေါင်းကို ဆန့်ကျင်မည်။-
23. ငါ၏ကောင်းကင်တမန်သည်သင်တို့ရှေ့က သွား၍ အာမောရိအမျိုးသား၊ ဟိတ္တိအမျိုး သား၊ ဖေရဇိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်လိမ့်မည်။ ထိုအမျိုး သားအပေါင်းတို့ကိုငါသုတ်သင်ဖျက်ဆီး မည်။-
24. သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
25. သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကိုးကွယ်လျှင် ငါသည်သင်တို့အား ဝလင်စွာစားသောက်ရစေမည်။ အနာရောဂါ တို့မှလည်းကင်းရှင်းစေမည်။-
26. သင်တို့၏ပြည်တွင်ကိုယ်ဝန်ပျက်သောမိန်းမ၊ မြုံသောမိန်းမဟူ၍မရှိစေရ။ သင်တို့အား အသက်ရှည်စေမည်။
27. ``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-