1. ``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
2. လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။-
3. အမှုစစ်ဆေးရာ၌ဆင်းရဲသည့်အကြောင်းကို ထောက်၍ ဆင်းရဲသားဘက်မှမတရားသက်သေ မခံနှင့်။
4. ``သင့်ရန်သူ၏နွားသို့မဟုတ်မြည်းသည် အုပ်မှ ကွဲနေသည်ကိုတွေ့လျှင်သူ့ထံသို့ပြန်ပို့ရ မည်။-
5. သူ၏မြည်းသည်ဝန်ပိ၍လဲနေလျှင်လွှဲရှောင် မသွားဘဲမြည်းကိုဝိုင်း၍ထူပေးရမည်။
6. ``ဆင်းရဲသောသူသည်ရုံး၌တရားဆိုင်ရ သောအခါ သူ့အားတရားသဖြင့်စီရင်လော့။-
7. လူတစ်ဦးအားမဟုတ်မမှန်မစွပ်စွဲရ။ အပြစ် ကင်းမဲ့သူကိုသေဒဏ်မစီရင်ရ။ ထိုသို့မ တရားမှုပြုသူအားငါအပြစ်ဒဏ်ပေးမည်။-
8. တံစိုးလက်ဆောင်စားသူသည်အမှန်တရားကို မမြင်နိုင်သည့်အပြင် အပြစ်ကင်းမဲ့သူကို ပျက်စီးစေနိုင်သောကြောင့်တံစိုးလက်ဆောင် မယူရ။
9. ``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နှင့် နေထိုင်ခဲ့ဖူး၍ဧည့်သည်၏ခံစားချက်ကို သိသည်ဖြစ်သောကြောင့် သင်တို့၏ပြည်တွင် ဧည့်သည်ဖြစ်သောအခြားအမျိုးသားတို့ ကိုမညှဉ်းဆဲနှင့်။