5. ``လူတစ်ဦးသည်မိမိ၏တိရစ္ဆာန်များကို လယ် သို့မဟုတ်စပျစ်ဥယျာဉ်ထဲတွင်ထိန်းကျောင်း နေစဉ် သူတစ်ပါး၏လယ်ထဲသို့ကူးကျော် ကျက်စားစေလျှင်၊ မိမိ၏လယ်သို့မဟုတ် စပျစ်ဥယျာဉ်မှထွက်သောအကောင်းဆုံး အသီးအနှံဖြင့်အစားလျော်စေရမည်။
6. ``လူတစ်ဦးမိမိ၏လယ်ကိုမီးရှို့သည့်အခါ ပေါင်းပင်များကိုမီးစွဲလောင်၍၊ သူတစ်ပါး လယ်ထဲရှိကောက်လှိုင်းပုံများနှင့်စပါးပင် တို့ကိုမီးကူးစက်လျှင် မီးရှို့သူသည်ပျက်စီး ဆုံးရှုံးသူအတွက်လျော်စေရမည်။-
7. လူတစ်ဦးကအခြားလူတစ်ဦးထံ၌၊ ငွေ သို့မဟုတ်အဖိုးတန်ပစ္စည်းများကိုအပ်နှံ ထားသောအခါ၊ ထိုပစ္စည်းများခိုးယူခြင်း ခံရသော်ခိုးသူကိုမိလျှင် ခိုးသူကနှစ်ဆ ပြန်လျော်စေရမည်။-
8. ခိုးသူကိုမမိလျှင်မူကား၊ ပစ္စည်းအပ်နှံခြင်း ခံရသူသည် ကိုယ်တိုင်ပစ္စည်းကိုခိုးသည်၊ မခိုး သည်သိနိုင်ရန်သူ့ကိုထာဝရဘုရား၏ရှေ့ တော်သို့ခေါ်ဆောင်၍ကျိန်ဆိုစေရမည်။
9. ``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။
10. ``လူတစ်ဦးက သိုး၊ နွား၊ မြည်းအစရှိသော တိရစ္ဆာန်တစ်ကောင်ကိုတစ်စုံတစ်ယောက်သော သူထံ၌အပ်နှံထားသောအခါ၊ ထိုတိရစ္ဆာန် သေလျှင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရလျှင်ဖြစ် စေ၊ လုယူသွားခြင်းခံရလျှင်ဖြစ်စေ သက်သေမရှိခဲ့သော်၊-
11. အပ်နှံခြင်းခံရသူသည်မိမိမခိုးကြောင်း ဘုရားသခင်ရှေ့တော်တွင်ကျိန်ဆိုရမည်။ ကျိန်ဆိုသည့်အတိုင်းပိုင်ရှင်လက်ခံရမည်။ အပ်နှံခြင်းခံရသူသည်မခိုးခဲ့လျှင် ပြန်လျော်ရန်မလို။-
12. အကယ်၍ခိုးခဲ့သော်ပြန်လျော်ရမည်။
13. သားရဲကိုက်သတ်ခံရသည်ဟုဆိုလျှင်အသေ ကောင်ကိုသက်သေအဖြစ်ပြနိုင်ရမည်။ သား ရဲကိုက်သတ်သည်မှန်လျှင်မလျော်စေရ။
14. ``လူတစ်ဦးသည်အခြားတစ်ဦးထံမှ တိရစ္ဆာန်တစ်ကောင်ကိုငှား၍၊ ပိုင်ရှင်၏မျက် ကွယ်တွင် ထိုတိရစ္ဆာန်သည်ထိခိုက်ဒဏ်ရာရ လျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေငှားသူက လျော်ရမည်။-