ထွက်​မြောက် 22:2-4-11 Common Language Bible (BCL)

5. ``လူ​တစ်​ဦး​သည်​မိ​မိ​၏​တိ​ရစ္ဆာန်​များ​ကို လယ် သို့​မ​ဟုတ်​စ​ပျစ်​ဥ​ယျာဉ်​ထဲ​တွင်​ထိန်း​ကျောင်း နေ​စဉ် သူ​တစ်​ပါး​၏​လယ်​ထဲ​သို့​ကူး​ကျော် ကျက်​စား​စေ​လျှင်၊ မိ​မိ​၏​လယ်​သို့​မ​ဟုတ် စ​ပျစ်​ဥ​ယျာဉ်​မှ​ထွက်​သော​အ​ကောင်း​ဆုံး အ​သီး​အ​နှံ​ဖြင့်​အ​စား​လျော်​စေ​ရ​မည်။

6. ``လူ​တစ်​ဦး​မိ​မိ​၏​လယ်​ကို​မီး​ရှို့​သည့်​အ​ခါ ပေါင်း​ပင်​များ​ကို​မီး​စွဲ​လောင်​၍၊ သူ​တစ်​ပါး လယ်​ထဲ​ရှိ​ကောက်​လှိုင်း​ပုံ​များ​နှင့်​စ​ပါး​ပင် တို့​ကို​မီး​ကူး​စက်​လျှင် မီး​ရှို့​သူ​သည်​ပျက်​စီး ဆုံး​ရှုံး​သူ​အ​တွက်​လျော်​စေ​ရ​မည်။-

7. လူ​တစ်​ဦး​က​အ​ခြား​လူ​တစ်​ဦး​ထံ​၌၊ ငွေ သို့​မ​ဟုတ်​အ​ဖိုး​တန်​ပစ္စည်း​များ​ကို​အပ်​နှံ ထား​သော​အ​ခါ၊ ထို​ပစ္စည်း​များ​ခိုး​ယူ​ခြင်း ခံ​ရ​သော်​ခိုး​သူ​ကို​မိ​လျှင် ခိုး​သူ​က​နှစ်​ဆ ပြန်​လျော်​စေ​ရ​မည်။-

8. ခိုး​သူ​ကို​မ​မိ​လျှင်​မူ​ကား၊ ပစ္စည်း​အပ်​နှံ​ခြင်း ခံ​ရ​သူ​သည် ကိုယ်​တိုင်​ပစ္စည်း​ကို​ခိုး​သည်၊ မ​ခိုး သည်​သိ​နိုင်​ရန်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​သို့​ခေါ်​ဆောင်​၍​ကျိန်​ဆို​စေ​ရ​မည်။

9. ``သိုး၊ နွား၊ မြည်း၊ အ​ဝတ်​အ​စ​ရှိ​သော​ပျောက် ဆုံး​သည့်​ပစ္စည်း​ကို​ပိုင်​ဆိုင်​မှု​နှင့်​ပတ်​သက်​၍ လူ​နှစ်​ဦး​အ​ငြင်း​ပွား​ခဲ့​သည်​ရှိ​သော်၊ ထို​သူ နှစ်​ဦး​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ အ​စစ်​ခံ​၍၊ တ​ရား​ရှုံး​သူ​က​နှစ်​ဆ​လျော် ရ​မည်။

ထွက်​မြောက် 22