2-4. သူသည်ခိုးသည့်တိရစ္ဆာန်အတွက်လျော်ရ မည်။ သူ၌လျော်စရာမရှိလျှင်မိမိကိုယ်ကို ရောင်း၍လျော်ကြေးပေးရမည်။ ခိုးရာပါသိုး၊ နွား၊ မြည်းကိုသူ့ထံ၌အရှင်တွေ့ရလျှင်သူ သည်နှစ်ဆပြန်လျော်ရမည်။``အိမ်ကိုညအချိန်ဖောက်ထွင်းနေသောသူခိုး ကိုသတ်သောသူသည် လူသတ်မှုကိုကူးလွန် ရာမရောက်ချေ။ သို့ရာတွင်နေ့အချိန်၌ဖောက် ထွင်းမှုကြောင့်သူခိုးကိုသတ်လျှင် သတ်သော သူသည်လူသတ်မှုကိုကူးလွန်၏။
13. သားရဲကိုက်သတ်ခံရသည်ဟုဆိုလျှင်အသေ ကောင်ကိုသက်သေအဖြစ်ပြနိုင်ရမည်။ သား ရဲကိုက်သတ်သည်မှန်လျှင်မလျော်စေရ။
14. ``လူတစ်ဦးသည်အခြားတစ်ဦးထံမှ တိရစ္ဆာန်တစ်ကောင်ကိုငှား၍၊ ပိုင်ရှင်၏မျက် ကွယ်တွင် ထိုတိရစ္ဆာန်သည်ထိခိုက်ဒဏ်ရာရ လျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေငှားသူက လျော်ရမည်။-
15. သို့ရာတွင်ပိုင်ရှင်ရှေ့၌ဒဏ်ရာရသေဆုံးခဲ့ သော်ငှားသူကမလျော်ရ။ အကယ်၍တိရစ္ဆာန် ကိုအခနှင့်ငှားလျှင်၊ ဒဏ်ရာရသေဆုံးမှု အတွက်ပိုင်ရှင်အားလျော်ရန်မလို။ ငှားခ ကိုသာပေးစေရမည်။
16. ``လူတစ်ဦးသည်စေ့စပ်ကြောင်းလမ်း၍မထား သောမိန်းမပျိုတစ်ယောက်ကိုသွေးဆောင်ပေါင်း သင်းခဲ့လျှင်၊ သူသည်မင်္ဂလာလက်ဖွဲ့ကြေးပေး ၍ထိုမိန်းမကိုလက်ထပ်ယူရမည်။-
17. အကယ်၍မိန်းမပျို၏ဖခင်ကထိုသူနှင့် သဘောမတူလျှင်၊ သူသည်မိန်းမပျိုတစ်ဦး အတွက်တင်တောင်းရသောမင်္ဂလာလက်ဖွဲ့ကြေး ကိုဖခင်အားပေးလျော်ရမည်။
18. ``စုံးမအားသေဒဏ်စီရင်ရမည်။
19. ``တိရစ္ဆာန်နှင့်ကာမစပ်ယှက်သူကိုသေဒဏ်စီ ရင်ရမည်။
20. ``ထာဝရဘုရားမှတစ်ပါးအခြားသော ဘုရားကိုယဇ်ပူဇော်သူအားသေဒဏ်စီရင် ရမည်။
21. ``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
22. မုဆိုးမနှင့်မိဘမဲ့ကလေးကိုမနှိပ်စက် ရ။-
23. သင်တို့သည်ထိုသူတို့ကိုနှိပ်စက်သဖြင့်၊ သူတို့ကငါ့ထံအသနားခံလျှင်ငါ ထာဝရဘုရားသည်နားညောင်းမည်။
24. ငါသည်အမျက်ထွက်သဖြင့်သင်တို့ကိုစစ်ပွဲ တွင်ကျဆုံးစေမည်။ ထိုအခါသင်တို့၏မယား တို့သည်မုဆိုးမဖြစ်၍သင်တို့၏သားသမီး များသည်ဘသက်ဆိုးဖြစ်ကြလိမ့်မည်။