11. အပ်နှံခြင်းခံရသူသည်မိမိမခိုးကြောင်း ဘုရားသခင်ရှေ့တော်တွင်ကျိန်ဆိုရမည်။ ကျိန်ဆိုသည့်အတိုင်းပိုင်ရှင်လက်ခံရမည်။ အပ်နှံခြင်းခံရသူသည်မခိုးခဲ့လျှင် ပြန်လျော်ရန်မလို။-
12. အကယ်၍ခိုးခဲ့သော်ပြန်လျော်ရမည်။
13. သားရဲကိုက်သတ်ခံရသည်ဟုဆိုလျှင်အသေ ကောင်ကိုသက်သေအဖြစ်ပြနိုင်ရမည်။ သား ရဲကိုက်သတ်သည်မှန်လျှင်မလျော်စေရ။
14. ``လူတစ်ဦးသည်အခြားတစ်ဦးထံမှ တိရစ္ဆာန်တစ်ကောင်ကိုငှား၍၊ ပိုင်ရှင်၏မျက် ကွယ်တွင် ထိုတိရစ္ဆာန်သည်ထိခိုက်ဒဏ်ရာရ လျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေငှားသူက လျော်ရမည်။-