32. နွားသည်ကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ တစ်ဦးကိုဝှေ့သတ်လျှင် နွားပိုင်ရှင်ကကျွန် ပိုင်ရှင်အားငွေသားသုံးဆယ်လျော်ကြေးပေး ဆောင်ရမည်။ နွားကိုလည်းကျောက်ခဲနှင့်ပစ် သတ်ရမည်။
33. ``လူတစ်ဦးသည်တွင်းတူး၍မဖုံးဘဲထား သဖြင့် နွားသို့မဟုတ်မြည်းတစ်ကောင်ထိုတွင်း သို့ကျလျှင်၊-
34. ပိုင်ရှင်အားတိရစ္ဆာန်အသေကောင်အတွက် လျော်ကြေးပေးဆောင်၍တိရစ္ဆာန်အသေ ကောင်ကိုပိုင်စေ။-
35. လူတစ်ဦး၏နွားကအခြားလူတစ်ဦး၏နွား ကိုဝှေ့သတ်လျှင် အသက်ရှင်သောနွားကိုရောင်း ၍နွားပိုင်ရှင်နှစ်ဦးကငွေကိုခွဲဝေယူရမည်။ နွားသေ၏အသားကိုလည်းခွဲဝေယူရကြ မည်။-
36. သို့ရာတွင်နွားပိုင်ရှင်ကမိမိ၏နွားသည်ဝှေ့ တတ်ကြောင်းကိုသိလျက်နှင့် ချည်နှောင်၍မ ထားခဲ့လျှင်နွားသေအတွက်နွားတစ်ကောင် ကိုအစားလျော်၍နွားသေကိုပိုင်စေ။