10. တစ်စုံတစ်ယောက်သောသူသည်ဒုတိယမိန်းမ တစ်ယောက်နှင့်စုံဖက်လျှင် ပထမဇနီးသည် အစားအစာ၊ အဝတ်အထည်နှင့်အခွင့် အရေးတို့ကိုယခင်အတိုင်းရရှိစေရ မည်။-
11. အဆိုပါဝတ္တရားများပျက်ကွက်ခဲ့လျှင်သူ သည်ငွေအလျော်မတောင်းဘဲ ထိုမိန်းမကို လွတ်မြောက်ခွင့်ပေးရမည်။
12. ``လူတစ်ယောက်ကိုရိုက်နှက်၍ သေစေသူအား သေဒဏ်ခံစေရမည်။-
13. သေစေရန်မရည်ရွယ်ဘဲနှင့်မတော်တဆ သတ်မိလျှင် သတ်သောသူသည်ငါသတ်မှတ် ပေးမည့်လုံခြုံရာအရပ်သို့ရှောင်တိမ်းနေ နိုင်၏။-
14. သို့ရာတွင်ဒေါသထွက်၍သေစေရန်ရည်ရွယ် ချက်ဖြင့် လူတစ်ယောက်ကိုသတ်သောသူသည်၊ ငါ၏ယဇ်ပလ္လင်၌ပင်ခိုလှုံနေစေကာမူ သူ့အားဆွဲထုတ်၍သေဒဏ်ခံစေရမည်။
15. ``မိဘကိုရိုက်နှက်သောသူအား သေဒဏ် ခံစေရမည်။
16. ``လူတစ်ယောက်ကိုရောင်းစားရန်ဖြစ်စေ၊ မိမိ ထံ၌ကျွန်စေစားရန်ဖြစ်စေအဋ္ဌမ္မဖမ်းဆီး သူအားသေဒဏ်ခံစေရမည်။
17. ``မိဘကိုကျိန်ဆဲသောသူအားသေဒဏ်ခံ စေရမည်။
18. ``လူအချင်းချင်းခိုက်ရန်ဖြစ်ပွားရာ၌တစ် ယောက်သောသူက အခြားတစ်ယောက်အား ကျောက်ခဲနှင့်ဖြစ်စေ၊ လက်သီးနှင့်ဖြစ်စေ ဒဏ်ရာရစေသော်လည်း အသက်မသေဘဲ၊ အကယ်၍အရိုက်ခံရသူသည်အိပ်ရာထဲ ၌နေရလျှင်သော်လည်းကောင်း၊-
19. ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
20. ``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
21. သို့ရာတွင်ထိုကျွန်သည်တစ်ရက်နှစ်ရက်မျှ နာလျက်မသေလျှင်၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ။ အဘယ်ကြောင့်ဆိုသော်ကျွန်ဟူ သည်မှာသခင်ပိုင်ပစ္စည်းမျှသာဖြစ်သော ကြောင့်တည်း။